
ဘွဲ့ရအောင်မြင်ကြလို့
ကမ္ဘာ့လူဦးရေဟာ အခုဆိုရင် သန်း၇၀၀၀(၇ဘီလီယံ)ကျော်သွားပြီလို့
သိရပါတယ်..။၂၀၀၆ခုနှစ်တုန်း
ဘွဲ့ရသူ၁ဦးပဲရှိရာကနေ ယခုဆိုရင်
၇ယောက်အထိတိုးတက်လာပြီးဖြစ်တယ်။
တက
ဂုဏ်
ဖြစ်ပါတယ်။ဒီလိုဆိုတော့လဲ ကျွန်တော်တို့ မြန်မာပြည်ပညာရေးကိုကျေးဇူးတင်ရမှာပဲ။
အမှန်တော့ ကျွန်တော်တို့တိုင်းပြည်ကလူဦးရေ နဲ့တွက်မယ်ဆိုရင် ဘာလို့လဲဆိုရင်
ဘွဲ့ရနဲပါတယ်။အလုပ်ကိုင်အခွင့်လမ်းဖန်တီးပေးမှုနဲလို့ပါ။ဖြစ်တော့ဖြစ်လာမယ်မျှော်လင့်ပါတယ်။
ပန်ဒိုရာ့ သေတ္တာထဲမှာ ကျန်ခဲ့တဲ့ တခုတည်းသောအရာကမျှော်လင့်ခြင်းမို့လား။
ပန်ဒိုရာ့ သေတ္တာထဲမှာ ကျန်ခဲ့တဲ့ တခုတည်းသောအရာကမျှော်လင့်ခြင်းမို့လား။
ဒီတော့ အထက်ကပြောခဲ့တဲ့ ကမ္ဘာ့လူဦးရေသန်းပေါင်း၇၀၀၀
လူအယောက်၁၀၀ အနေနဲ့ အချိုးချကြည့်ရင်..
-ကျား၅၀၊မ၅၀ ဖြစ်ပါတယ်။
-၂၆ယောက်ကကလေးဖြစ်ပြီး
-၇၄ယောက်က လူကြီးတွေဖြစ်ပါမယ်..
-အဲ့ထဲကမှ ၈ယောက်သည် ၆၅နှစ်အထက်တွေပါ။
လူမျိုးနွယ်တွေကတော့
-အာရှ ၆၀ ယောက်
-အာဖရိကန် ၁၅ ယောက်
-အမေရိကားကနေ ၁၄ယောက်ပါပြီး
-ကျန်တဲ့ ၁၁ယောက်ကတော့ ဥရောပသားတွေပါ။
ကိုးကွယ်ယုံကြည်မှုကျတော့
-၃၃ယောက်က ခရစ်ယန်
-၂၂ယောက်က မူဆလင်
-၁၄ယောက်က ဟိန္ဒူ
-၇ဦးက ဗုဒ္ဓဘာသာပါ။ကျန်တဲ့
-၁၂ဦးကတော့ အခြားယုံကြည်မှုရှိပြီး နောက်ဆုံး
-၁၂ဦးကတော့ ကိုးကွယ်မှုမရှိကြပါဘူးတဲ့..
ဘာသာဗေဒပြောဆိုမှုကျတော့
-၁၂ယောက်တရုပ်စကား
-၅ယောက်က စပိန်စကား
-၅ယောက်က အင်္ဂလိပ်စကား
-၃ယောက်က အာရဗစ် စကား
-၃ယောက်က ဟင်ဒီစကား
-၃ယောက်က ဘင်ဂါလီစကား
-၃ယောက်က ပေါ်တူဂီစကား
-၂ယောက်က ရုရှားစကား
-၂ယောက်က ဂျပန်စကား
-ကျန်တဲ့ ၆၂ယောက်ကတော့ အခြားဘာသာစကားပါတဲ့..
စာတတ်မြောက်မှုကျတော့..
-၈၃ယောက်က စာဖတ်တတ်ပြီး
-၁၇ယောက်က မတတ်ဖူးတဲ့...အဲ့ထဲကမှ
-၇ယောက်ပဲ ဘွဲ့ရသတဲ့ (စောနပြောတဲ့ ၆.၇%ဆိုတာပေါ့)
ပိုင်ဆိုင်မှု/
-လူ၂၂ယောက်ပဲ ကိုယ်ပိုင်ကွန်ပြူတာရှိပါမယ
-၇၇ယောက်က အမိုးအကာအောက်မှာနေရပေမယ့်
-၂၃ယောက်မှာတော့ အကာအကွယ်မရှိကြရှာဖူး..
နောက်ဆုံး.....ဒီလူပေါင်း၁၀
-၁ယောက်က ငတ်မွတ်လို့သေဆုံးတယ်
-၁၅ယောက်က ၀၀လင်လင်မစားကြရဘူး..ဒါပေမယ
-၂၁ယောက်ကျတော့ အ၀လွန်နေပါတယ်တဲ့..
-လူ ၈၇ယောက်က သောက်ရေသန့်သောက်နေပေမယ့်
-၁၃ယောက်က မသန့်စင်တဲ့ ရေကိုသာသောက်နေရပါတယ်တဲ့..။
--------------------------
ဒီအချက်အလက်တွေကြည့်ပြီး စာဖတ်သူဝမ်းသာသင့်ပါတယ်။
ဘာလို့လဲဆိုတော့ သင်ဟာ စာဖတ်တတ်တဲ့အပြင် အနဲဆုံးတော့
အမိုးအကာအောက်မှာ ကွန်ပြူတာကို စိတ်အေးလက်အေးသုံးနေ
တဲ့သူတယောက်မို့ပါပဲ..
No comments:
Post a Comment