Sunday, December 16, 2012

အ၀ါရောင်လှေလေးတွေ

တနေ့ Jay Michael Jaboneta အမည်ရတဲ့ လူငယ်လေးတယောက်
Facebook ရဲ့ စတေးတပ်တကြောင်းကနေ မွန်မြတ်တဲ့
ဖောင်ဒေးရှင်းတခု အကောင်အထည်ဖော် ခဲ့တယ်ဆိုရင်
ထူးဆန်းနေမလား?မထူးဆန်းပါနဲ့နော်..။ဒါက အမှန်တကယ်ကို
၂၀၁၁တုန်းက ဖိလိပိုင်မှာ ဖြစ်ခဲ့တာပါ..။

သူ့အရပ်ဒေသကခလေးတွေ ရေကြီးတော့ ရင်ခေါင်းလောက်
အနက်ရှိတဲ့ ရေကိုဖြတ်ပြီး ၂ကီလိုမီတာလောက်ဝေးတဲ့ ကျောင်း
ကိုသွားတက်ရတာတွေ့တော့..သူစတေးတပ်လေးတင်လိုက်တယ်..။

"Wow .. Kids swim 2km to school..!!"
အဲဒီမှာ comment တကြောင်းက သူ့ကိုလှုပ်နိုးသလိုဖြစ်သွားတယ်..
"What are you going to do? ;) "

အဲဒီကစပြီး သူ၊ခလေးတွေအတွက် ကျောင်းတက်ဖို့လှေလေးတွေ
ဝယ်နိုင်အောင်ဆိုပြီး Yellow Boat Of Hope Foundation
ဆိုပြီး ဖေ့ဘုတ်ပေါ်မှာ ထောင်လိုက်တယ်..။အချိန်အနဲငယ်အတော
အတွင်းမှာ သူ့ဖောင်ဒေးရှင်းကိုလူတွေသိရှိပြီး ကျယ်ပြန်လာလိုက်တာ
ဖိလိပိုင်မြို့ကြီးတွေအားလုံးလောက်မှာ သူ့ရုံးခွဲလေးတွေ ဖြန့်ကျန့်
နိုင်တဲ့အထိပါပဲ..။

မြန်ပြည်သားတွေလဲ ဖေ့ဘုတ်ပေါ်မှာ ပညာဒါန အရေး၊ဇီဝိတဒါန
အရေး နိုးဆော်တာတွေ့ရပါတယ်..။ဒီလို ဖောင်ဒေးရှင်းကြီးတခု
ဖေ့ဘုတ်ပေါ်မှာထောင်ကြရင်မကောင်းဘူးလား...?ပိုင်ဆိုင်သူနာမည်ခံ
မရှိပဲ ဖေ့ဘုတ်သူ၊ဖေ့ဘုတ်သား အားလုံးပိုင်သည်ပေါ့..။ဖေ့ဘုတ်
ပေါ်သတင်းပေးကြ၊လှူကြပေါ့....။

"Helping Hand for Myanmar Foundation" လို့လေ...

1 comment:

ဦးလင်း said...

လုပ်လေဗျာ ပါမယ်။