Saturday, December 15, 2012

လွယ်လွယ်ဆုံးဖြတ်သူများ



ရထားတစီးရဲ့ပြတင်းပေါက်ကနေ အသက်၂၄နှစ်အရွယ်
လူငယ်လေးတယောက်ဟာ အပြင်ဘက်ကိုလှမ်းကြည့်ရင်း
တွေ့သမျှမြင်သမျှကို ဖခင်အား လှမ်းလှမ်းပြီးအော်ပြောပါတယ်။

"ဖေဖေ..ကြည့်စမ်းတိမ်တွေ သားတို့နောက်ကိုပြေးလိုက်နေ

ကြတယ်.." "ဟား..ဖေ့..ဟိုမှာသစ်ပင်တွေ..သစ်ပင်တွေ.."
ဖခင်ဖြစ်သူက သူ့သားရဲ့ခလေးဆန်မှုကို ပီတိနဲ့ပြုံးပြုံးကြီး
ကျေနပ်နေပါတယ်..။





ဘေးခုံကစုံတွဲက အသက်၂၄နှစ်အရွယ်နဲ့မလိုက်အောင်ခလေးဆန်ကာ အော်ကြီးဟစ်ကျယ်ဖြစ်နေတဲ့ ကောင်လေး
ကြောင့် နောက်ဆုံးမအောင့်အီးနိုင်တော့ပဲ..

"ခင်ဗျားသားက ဘယ်လိုဖြစ်တာလဲ၊ဆရာဝန်ဆီမပြဘူးလား"
လို့ပြောတော့ ဖခင်ဖြစ်သူကနေ ...
"ဟုတ်ကဲ့..ကျွန်တော်တို့ခုပဲ ဆေးရုံကဆင်းလာကြတာပါ..
သားက..၁၀နှစ်သားကတည်းကမျက်စိကွယ်နေတာလေ
ဒီနေ့မှ သူအမြင်အာရုံပြန်ရရှာတာပါ.."..တဲ့...။

တခါတရံ ကျွန်တော်တို့ဟာ လူတယောက်ရဲ့စိတ်ခံစားမှု
မသိပဲ အထင်အမြင်နဲ့ လွယ်လွယ်ကောက်ချက်ချပြီး
ဆုံးဖြတ်လိုက်တတ်ကြပါတယ်။ဒါကြောင့် တစုံတယောက်ကို
တစုံတရာကြောင့်ဆုံးဖြတ်တော့မယ်ဆိုရင် ဒီပုံပြင်လေးကို
သတိရကြပါ..။

1 comment:

Gclubnetta said...

I love it so much If it is useful and knowledgeable, then this is my first place to come.