Sunday, December 16, 2012

လွယ်လွယ်ဆုံးဖြတ်သူများ



ရထားတစီးရဲ့ပြတင်းပေါက်ကနေ အသက်၂၄နှစ်အရွယ်
လူငယ်လေးတယောက်ဟာ အပြင်ဘက်ကိုလှမ်းကြည့်ရင်း
တွေ့သမျှမြင်သမျှကို ဖခင်အား လှမ်းလှမ်းပြီးအော်ပြောပါတယ်။

"ဖေဖေ..ကြည့်စမ်းတိမ်တွေ သားတို့နောက်ကိုပြေးလိုက်နေ

ကြတယ်.." "ဟား..ဖေ့..ဟိုမှာသစ်ပင်တွေ..သစ်ပင်တွေ.."
ဖခင်ဖြစ်သူက သူ့သားရဲ့ခလေးဆန်မှုကို ပီတိနဲ့ပြုံးပြုံးကြီး
ကျေနပ်နေပါတယ်..။


အ၀ါရောင်လှေလေးတွေ

တနေ့ Jay Michael Jaboneta အမည်ရတဲ့ လူငယ်လေးတယောက်
Facebook ရဲ့ စတေးတပ်တကြောင်းကနေ မွန်မြတ်တဲ့
ဖောင်ဒေးရှင်းတခု အကောင်အထည်ဖော် ခဲ့တယ်ဆိုရင်
ထူးဆန်းနေမလား?မထူးဆန်းပါနဲ့နော်..။ဒါက အမှန်တကယ်ကို
၂၀၁၁တုန်းက ဖိလိပိုင်မှာ ဖြစ်ခဲ့တာပါ..။

လူဦးရေပေါင်း သန်း၇၀၀၀


လူဦးရေ စုစုပေါင်းရဲ့ ၆.၇%သာလျှင်
ဘွဲ့ရအောင်မြင်ကြလို့
ကမ္ဘာ့လူဦးရေဟာ အခုဆိုရင် သန်း၇၀၀၀(၇ဘီလီယံ)ကျော်သွားပြီလို့ 
သိရပါတယ်..။၂၀၀၆ခုနှစ်တုန်းကဆိုရင်လူ၁၀၀မှာ
 ဘွဲ့ရသူ၁ဦးပဲရှိရာကနေ ယခုဆိုရင် 
၇ယောက်အထိတိုးတက်လာပြီးဖြစ်တယ်။
တကယ်လို့ စာဖတ်သူ သင်ဟာဘွဲ့ရသူဖြစ်ခဲ့ရင်
ဂုဏ်ယူလိုက်ပါ..။

ဖြစ်ပါတယ်။ဒီလိုဆိုတော့လဲ ကျွန်တော်တို့ မြန်မာပြည်ပညာရေးကိုကျေးဇူးတင်ရမှာပဲ။
အမှန်တော့ ကျွန်တော်တို့တိုင်းပြည်ကလူဦးရေ နဲ့တွက်မယ်ဆိုရင် ဘာလို့လဲဆိုရင် ကမ္ဘာ့
ဘွဲ့ရနဲပါတယ်။အလုပ်ကိုင်အခွင့်လမ်းဖန်တီးပေးမှုနဲလို့ပါ။ဖြစ်တော့ဖြစ်လာမယ်မျှော်လင့်ပါတယ်။
ပန်ဒိုရာ့ သေတ္တာထဲမှာ ကျန်ခဲ့တဲ့ တခုတည်းသောအရာကမျှော်လင့်ခြင်းမို့လား။

"အဆင်ပြေပါစေကွယ်..."


တခါတုန်းကစုံတွဲတစ်တွဲရှိတယ်...။ကောင်လေးကဆင်းရဲနွမ်းပါးတယ်
ကောင်မလေးကိုတော့သိပ်ချစ်ပါတယ်။ဒီလိုနဲ့တနေ့ကျတော့ကောင်လေး
ကိုကောင်မလေးကပြောတယ်။

"ကျွန်မလူတယောက်နဲ့စေ့စပ်တော့မယ်။သူက လူကြီးလူကောင်းတယောက်ပဲ။
တော်တော်လေးဝင်ငွေကောင်းတယ်။တလကိုဒေါ်လာ၄၅၀၀၀လောက်ဝင်ငွေရှိတယ်..။
ကျွန်မ ဘ၀ရှေ့ရေးအတွက် ..ရှင့်ထက် ကျွန်မကိုလုံခြုံမှုပေးနိုင်မယ့်သူ 
ကျွန်မရွေးချယ်လိုက်ပါတယ်..ရှင်လဲ သလောတူကျေနပ်မယ်လို့ထင်ပါတယ်.." လို့ပြောတော့..

ကောင်လေးက ဘာမှပြန်မပြောနိုင်ပါဘူး..။မျက်ရည်ဝဲပြီး ကောင်းပါပြီ လို့ တခွန်း
ပဲပြန်ပြောနိုင်ခဲ့တယ်..။ဒီလိုနဲ့ တခုသောဆောင်းရာသီမှာသူတို့နှစ်ယောက်ကျောခိုင်းခဲ့ကြတယ်..။

နှစ်တွေအချိန်တွေဟာ သိပ်ကုန်လွန်လွယ်တယ်။ဆယ်နှစ်ကျော်ကြာတဲ့အချိန် တနေ့ကျတော့
ကောင်လေးနဲ့ကောင်မလေးတို့ တခုသောကုန်တိုက်မှာပြန်ဆုံကြတယ်..
ကောင်မလေးက...နွမ်းနွမ်းပါးပါးဝတ်ဆင်ထားတဲ့ ကောင်လေးကိုတွေ့တော့...

"မတွေ့တာတောင်ကြာပြီနော်..။ရှင်ကတော့ အယင်လိုပဲမပြောင်းလဲပါလား။
အ၀တ်အစား၊နေပုံထိုင်ပုံအယင်အတိုင်းပဲ...။ဒါနဲ့ စကားမစပ်အမျိုးသားက ခုဆို
"xxxxxx"Corporationမှာမန်နေဂျာတောင်ဖြစ်နေပြီ။
ဝင်ငွေလဲ တလ ၆၀၀၀၀ လောက်ဖြစ်နေပြီ.." လို့ပြောတော့..ကောင်လေးက..

"ဟုတ်ပါတယ်..ငါအရင်လိုပါပဲ ပြောင်းလဲမှုသိပ်မရှိပါဘူး.." လို့ အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်..။
အဲဒီတော့ ကောင်မလေးက...

"အေးလေ..ဒါဆိုလဲ..ဒါပဲနော်..င့ါအမျိုးသား..တွေ့ရင်တမျိုးထင်လိမ့်မယ်။
ငွေလိုရင် ပြောပေါ့.." လို့ပြောတော့..ကောင်လေးက..

"မလိုပါဘူး..ခုငါလဲအလုပ်တခုလုပ်နေပါတယ်..။ဒါ..ငါအခုလုပ်နေတဲ့ Company လိပ်စာပါ..
နင်လဲ အဆင်ပြေပါစေ.."လို့ပြောပြီး ခပ်အေးအေးကျောခိုင်းထွက်သွားပါတယ်..။
ကောင်မလေးကကောင်လေးနောက်ကျောကို လှမ်းကြည့်နေရာကနေ လိပ်စာကဒ်လေး
ကို ကြည့်မိတော့ သူ့မျက်စိသူမယုံနိုင်ဖြစ်ရပါတယ်..။လိပ်စာကဒ်မှာက

"Mr ..............
President
xxxxxx Corporation" လို့ရေးထားတယ်လေ။

Tuesday, November 20, 2012

ရာသီစာဒိုင်ဂျက်စ်

အိုဘားမားမြန်မာပြည်လာတဲ့ သတင်းအပေါ် ကိုးရီးယားက သတင်းစာ
တစောင်ကနေ အတွေးကွန့်ထားတဲ့ ကယ်ရီကေးချားတွေ့တော့ ဖွဘုတ်
ပေါ်က ရာသီစာဒိုင်ဂျက်စ်လေးတွေ ဆင့်ပွားတွေးမိတယ်..။



အရင်တုန်း..အန်ကယ်တိန့်နဲ့ ဘကြီးဝင်းတို့ လေးပေးဖြောင့်ပြီး ရွှေလမ်း
ငွေလမ်းတွေဖောက်တုန်းကဆို ပေါက်ဖော်ဆိုတာဘာညာသာရကာဆိုပြီး
ရာဇ၀င်နဲ့ချီပြီးတော့ကို..ချစ်ခဲ့ကြတာပေါ့..။




ခုများကျတော့ ကျွန်းသစ်လေး၊ကြေးနီလေး နဲနဲ..နဲနဲနဲ့ယူတာများ
လာတော့မုန်းလှပ
ါရဲ့ဆိုတဲ့ အန်ကယ်ဆမ့်ကိုမျက်စလေးပစ်ပြ
လိုက်ပြန်တယ်..။

Sunday, November 18, 2012

ကျမ်းတဆူ..နှင့်ရှေးလူများ


ရှေးခေတ်ဟာစိတ်ဝင်စားစရာ...လျှို့ဝှက်စွာနေတတ်တဲ့ မိန်းမပျိုနဲ့တူတယ်..။
ရှေးခေတ်ကိုပြန်လှမ်းမျှော်ကြည့်ရတာကကိုယ်တိုင်ရိုက်ကူးတဲ့ အဖြူအမဲရုပ်ရှင်ကို အပိုင်းလိုက်
တည်းဖြတ်ဆက်စပ်ရတာနဲ့လဲတူပါတယ်။အကြောင်းအရာတွေဟာ ထူးဆန်းစွာဆက်စပ်နေတတ်တယ်..။
တခုသိဖို့ အားလုံးနောက်လိုက်ရပြန်တယ်..။ဥပမာ..အနောက်တိုင်း အဂွိရတ်ပညာရှင်တွေအကြောင်း
နောက်လိုက်ရင်း...ဓါတုဗေဒပါလာတယ်..။ဒြပ်တွေအကြောင်းနောက်လိုက်ရင်
နက္ခအသွားအလာကိုသိဖို့လြို့ပန်တယ်။နက္ခတ္တပညာရှင်တွေနောက်လိုက်ရင် ဂရိသမိုင်းဖက်
ရောက်သွားသလို လူ့ယဉ်ကျေးမှုအစဖြစ်တဲ့ဂရိနတ်သမိုင်းနဲ့ အီဂျစ်အင်ပိုင်ယာကိုလဲ လှမ်းမျှော်တွေ့ရပါတယ်..။
စိတ်ဝင်စားသူတွေအတွက်တော့မမောတမ်းမပန်တမ်း လေ့လာလို့ကောင်းတဲ့ အကြောင်းအရာထဲမှာ
သမိုင်းကိုတူးဆွရခြင်းကတော့ပထမတန်းပါပဲ..။(အကြောင်းအရာတွေက ဆက်စပ်ပြီးတဖြည်းဖြည်း
ရုပ်လုံးပေါ်လာတာကိုကပန်းပုတခုရုပ်လုံးပေါ်လာသလိုပါပဲ..)



ရှေးခေတ်က ပညာရှင်တွေဟာ ထူးဆန်းတဲ့ ပညာရပ်တွေကို ထိုက်သူတွေဖော်စားနိုင်ဖို့အတွက်
 ပေပုရပိုဒ်၊သားရေလိပ်၊ရွှံ့စေးပြား၊ကျောက်စာ စတဲ့အမျိုးမျိုး သောပုံစံနဲ့ မှတ်တမ်းတင်ရစ်ခဲ့ကြတယ်..။
သို့ပေမယ့် မထိုက်တန်သော၊မသာမာသောသူများလက်ထဲရောက်သွားခဲ့လို့ရှိရင် မလျော်တာတွေဖြစ်လာမှာ
ကြိုတင်မြင်တဲ့အတွက်ကြောင့်မလို့ ၀ှက်စာတွေ၊နမိတ်တွေနဲ့ ရေးပြီးချန်ထားရစ်ကြပါတယ်..။
မြန်မာမှာရှိတဲ့ ရှေးခေတ်ကျမ်းတွေထဲက အဂွိရတ်ပညာရပ်ကျမ်းတွေဆိုရင်လဲပညာရှင်များ
ဝှက်ပြီးချန်ခဲ့တဲ့စာများဖြစ်ပါတယ်..။အများစုဟာ လက်ရေးနဲ့မှတ်တမ်းတင်ထားတာဖြစ်ပြီး
ဒီလိုစာမျိုးကိုသိုးဆောင်းစကားနဲ့ Manuscript လို့ခေါ်ပါတယ်..။

Thursday, November 8, 2012

အွန်လိုင်းရေဒီယိုDJလုပ်မလား

ကိုယ်တိုင်DJ လုပ်ပြီး အွန်လိုင်းရေဒီယိုလုပ်ချင်တဲ့သူရှိမလား..ကျွန်တော်တော့ စမ်းရတာပဲ
သဘောကျတယ်..အတည်..လုပ်ဖို့တော့အချိန်မပေးနိုင်ဘူး..။
တကယ်စိတ်ဝင်စားတယ်ဆိုရင် ဆော့ဝဲလ်ဒေါင်းလုဒ်လင့်ခ်ပေးမယ်..။
ဒီမှာနှိပ်ဗျာ..

သိပ်မခက်ဘူး..။ကိုယ်လွှင့်ချင်တဲ့သီချင်းတွေကိုအရင်စုထား..

Tuesday, November 6, 2012

ယဲ့ဟွေမေ (葉惠美)


ဒီဘဲရဲ့..သိပ်ပြီး မိန်းမ၊မဆန်မှု၊အနုပညာပိုင်းနှံ့စပ်မှု (အနုပညာဝမ်းစာ
ပြည့်မှု၊ဂီတတူရိယာ တော်တော်များများကို တီးခတ်ပိုင်နိုင်မှု)
စသည်တို့အပြင်...
သူ့ရဲ့မိခင်ချစ်စိတ်ကို..သဘောကျမိလို့
ဖတ်ချင်သူတွေအတွက် "မမီးမီးတာလူးဆီကနေ" ထပ်ဆင့်တင်ပေးလိုက်ပါတယ်။



အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရင်နာစရာ ဇာတ်လမ်းပေါင်းများစွာရှိသတဲ့။ သူ့နောက်ကွယ်မှာလည်း ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေရှိခဲ့ဖူးတယ်။  သူ့ကိုတော့ လူတိုင်းသိချင်မှ သိကြမှာပါ။ ဒါကြောင့် ဒီနေ့ရဲ့အောင်မြင်မှုလမ်းကြောင်းပေါ်
မားမားမတ်မတ် ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့တဲ့ သူ့နောက်ကွယ်က ရင်နင့်စရာအဖြစ်အပျက်တစ်ချို့ကို လှစ်ဟကြည့်ရင်း ထိုင်ဝမ်ကနာမည်ကြီး အဆိုတော်၊ သီချင်းရေးသူ၊ မင်းသား Jay Chou (周杰倫)နဲ့ မိတ်ဆက်လိုက်ပါတယ်။

Saturday, November 3, 2012

ကြယ်ကြွေသတို့သား

သူငယ်ချင်း
မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း
မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်းထွန်းခဲ့တယ်။
သူငယ်ချင်း
မင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ ပြန်သပ်
ရှင်ပြတတ်ခဲ့ပြီးပြီပဲ ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကိုယ် အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်ခဲ့ရ...
ကျကျနန
မင်းလှပြခဲ့ပြီးပြီပဲ ။

သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေနေတဲ့
ဟောဒီ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ် ။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာကို
လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်း ဓာတ်ပြားမှာ
မင်းကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ် ။
သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်မယ့်တစ်နေ့
ငါတို့ ………။ ။

မင်းကိုနိုင်

(တာရာမင်းဝေ၏ ဈာပနတွင် ရွတ်ဆိုသွားခဲ့သောကဗျာ)

Friday, November 2, 2012

ရွက်ပုန်းသီး ပုရပိုက်မြို့  သို့ မဟုတ်..


သမိုင်းအရ ဆိုပါတော့…  ကလေးမြို့ က မှော်ဆရာ မထွက်ဘူး
မြို့ တည်သက္ကရာဇ် ၃၂၈ ကတော့ မှော်ဆန်တယ်..
အခုလို ဆောင်းဆို အိနြေ္ဒ-နေရဉ္ဖရာ ရဲ့ မြ၀တီဆိုင် ရှေ့မှာ
မှော်ဝင် အက္ခရာများ စာပေသဘောတရားတွေနဲ့ စားတော်တိုက်
လပြည့်ညတောင် လန့် ဖျပ်မှောင်မိုက်သွားတတ်သေး
ကျွန်တော်တို့ ဆိုတာ … ကလေးမြို့ ရဲ့ မှော်ဝင် သစ်စေ့တွေ
တောင်ကနေ မြောက်ကိုလားတဲ့ ပြောင်းပြန်သိုင်းသမား မြစ်သာနံဘေး
စုမိဆောင်းမိ အလင်းမျှင်ခြည်ပေါင်းပြီး ရသအညှောက်တွေ ပြိုင်တူပေါက်
နှလုံးသွေးရဲ့ တောက်ခေါက်သံ ဝတ္တု၊ ကဗျာ၊ သီချင်းတွေ ရေးကြတယ်
မြို့ ကွက်က သိပ်မထူပေမဲ့  ခံစားမှုအရေထူထူနဲ့ 
စာအုပ်ထူထူကြီးတွေကို ကြိုက်ကြတယ်
ကျွန်တော်တို့ မြို့ ကဧည့်သည်လာရင် သီချင်းဆိုတဲ့မြို့ 
တောင်ကဖီလာ … မြစ်ကပြောင်းပြန်…. လူတွေက ကန့် လန့် တဲ့
မနာလိုလို့ ပြောကြတာ … အဲသလို
ပစိပစပ်အပြုံးတစ်စုံဆို
ပိဋကတ်သုံးပုံနဲ့ ထုထည့် လိုက်ရမှာ ဝန်မလေးတဲ့ မြို့ 
အချိန်ကို တန်ဖိုးထားချက်တော့
အိမ်မက်တောင်မှ လိုရင်းတိုရှင်းမက်တဲ့မြို့ 
ကျွန်တော်တို့ မြို့  … ကလေးမြို့  …. ကလေးမြို့ …
ချင်းတောင်တန်းကို လွယ်အိတ်လုပ်
ဇလပ်ပွင့်တစ်ဆုပ်ကြီးရင်သားကို ရဲရဲခွဲ
ချယ်ရီထင်းရှုးရနံ့ သယံဇာတအားလုံး အင်္ကျီချုပ်ဝတ်ထားတဲ့မြို့ 
ဆရာမ ဂျူး … ရဲ့ တိမ်နဲ့ ချည်တဲ့ကြိုး လူလားမြော်ကသွားခဲ့တဲ့မြို့ 
မြို့ လယ်ကောင်မှာ လေယာဉ်ကွင်းရှိတဲ့မြို့ 
မေခ မလိခမြစ်ကို မမြင်ဖူးပေမယ့်
မြစ်သာ - နေရဉ္ဖရာ - မြစ်သာ - ချင်းတွင်းဆုံဆည်းရာတွေကို
တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေတတ်တဲ့မြို့  .. ခင်ဗျားတို့ လိုပဲ
ကျွန်တော်တို့ မှာ …
ဇာတိရနံ့ ထုံထားတဲံ ကိုယ်ပိုင် အိပ်ရာဝင်ပုံပြင်လေးတွေရှိပါတယ်
ချင်းတောင်ပေါ်ကနေ ဈေးကွက်မြင်းစီးထွက်လာတဲ့
သစ်တော်သီးလေးတစ်လုံးလောက် ချိုမြိန်မှုတွေ စောက်မနက်ခဲ့ဘူး …
သမိုင်းအရ ဆိုပါတော့
ဇာတိမြို့ ဖွဲ့ ကဗျာဟာ ..
ရွက်ပုန်းသီးပုရပိုက် ဆန်နေတယ် ….။                  ။

----------------------------------------------------------------------
ဘော်ဒါကြီး...လျန်ပေါင်
ရေးတဲ့ကဗျာ..ဖြစ်ပါသည်..။

Thursday, November 1, 2012

ဟောလိုဝင်းအိမ်မက်



ည..

ယနေ့ည..အိပ်ချိန်မဟုတ်ပဲ..စောစောအိပ်မိသည်..။အိပ်ချိန်မဟုတ်သော်လည်း မြန်မြန်ဆန်ဆန်ပင်
သူ..နှိုးတ၀က်၊မနှိုးတ၀က်အခြေအနေသို့လွင့်မြောသွားသည်..။ထိုစဉ်သူ့နားထဲကြားနေကျအသံမဟုတ်သည့်
အသံသူကြားရသည်။စောင်းသံ...ဟင့်အင်းမဟုတ်ဘူး..ဒုံမင်းသံလိုပါပဲ..။အို...နေပါစေ..မျက်ခွံတွေဖွင့်မရဘူး။
ထူးထူးခြားခြား အိပ်မွေ့ချခံရသူကဲ့သို့ သူအိပ်ချင်နေသည်..။

နားထဲမှ အသံပျောက်သွားသည်..။နှစ်သိမ့်စွာ သူတဖက်သို့စောင်းအိပ်လိုက်သည်..။ထိုစဉ်...
ခြေသံတခုကြားရသည်..။နောက်.....သူ့အခန်းရှေ့မှာရပ်သည်..။အိပ်ချင်မူးတူးဖြင့်သူ..အလိုအလျောက်..
နားစွင့်မိသည်..။
ဒေါက်..ဒေါက်..ဒေါက်..
တံခါးကို တစုံတယောက် ခပ်လေးလေးလာခေါက်သည်..။သူစိတ်တချက်တိုသွားသည်..။ရင်ပတ်ပေါ်က
စောင်ပါးကိုဖယ်ချကာ အိပ်စုံမှုန်မွား စိတ်တိုစွာ တံခါးသွားဖွင့်ပေးလိုက်သည်..။

ခန်းပိုင်



Tsuyoshi Nagabuchi

ခန်းပိုင် Kan Pai  ဆိုတာက အင်္ဂလိပ်လို ဆိုရင်တော့ Congratulation လို့ အဓိပ္ပာယ်ရတယ်။ တရုတ်လို ဆိုရင်တော့ " ကမ်းပေ့" လို့ ခေါ်မှာပေါ့။ အဲဒီသီချင်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးလောက်က ပေါ်ပေါက်ခဲ့တဲ့ ဂျပန်ရုပ်ရှင် ဇာတ်ကား တစ်ကားရဲ့  ဇာတ်ဝင်တေး တစ်ပိုဒ် ဖြစ်ပါတယ်။(၀ိုင်ဝိုင်း ရဲ့ ဖြေသိမ့်လိုက် ဆိုတဲ့  သီချင်းလေး ဖြစ်ပါတယ်။ အချစ်ငှက် အခွေထဲက ဖြစ်ပါတယ်..)

အဆိုတော် ရဲ့ နာမည်က နာငဘုချိ တုအိုရှိ (Nagabuchi Tuoshi) ။ သူဟာ အဲဒီ သီချင်းကို သူ့  ဘ၀ တစ်လျှောက်လုံးမှာ အကောင်းဆုံးအဖြစ် သီဆိုသွားခဲ့ပြီး။ အဲဒီနောက်ပိုင်းမှာ အဲဒီ သီချင်းလောက် ကောင်းအောင် ဘယ်သီချင်းကိုမှ မဆိုနိုင်တော့ဘူးလို့ ဆိုကြပါတယ်။ သူဟာ တေးဂီတ လောက က  နှစ်များစွာ ပျောက်ကွယ်သွားပြီးမှ မကြာမြင့်မီ နှစ်ဆီလောက်က သူ့ ရဲ့ ဂီတ ဖျော်ဖြေပွဲ တစ်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲ မှာ ခန်းပိုင် Kan Pai ကို ဆိုတဲ့ အခါမှာ  ထောင်သောင်းမကတဲ့ ပွဲကြည့် ပရိတ်သတ်ကြီးက ၀ိုင်းပြီး ဆိုကြတဲ့အတွက် သူဟာ လုံးဝ မဆိုရသလောက် ဖြစ်သွားပြီး သူ့ အသံဟာ လူထု ပရိတ်သတ်ကြီး ရဲ့ ဆိုသံကြားမှာ သဲ့သဲ့မျှ ကြားရတော့တယ်လို့ ဆိုပါတယ်။ အခုအခါမှာ အဲဒီသီချင်းကို ဂျပန်ပြည်က စာသင်ကျောင်းတွေမှာ ကျောင်းသုံးအဖြစ် သတ်မှတ်ထားပြီလို့ လည်း ပြောပါတယ်။


ဒီသီချင်း ပေါ်ပေါက်လာခဲ့တဲ့ နောက်ခံဇာတ်လမ်းဟာလည်း အလွန် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ငယ်စဉ် ကလေးဘ၀ အရွယ်ကတည်းက ကျွမ်းဝင် ချစ်ခင်ခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းလေးပါပဲ။


Wednesday, October 31, 2012

ဖြစ်တည်မှု၏နိဓါန်း(သို့)နိဂုံး



" ဖြစ်တည်မှု၏နိဓါန်း(သို့)နိဂုံး"

ဘ၀ဆိုတာထုဆစ်ဖို့
ငါ့စမ်းသပ်ခန်းဆောက်တည်နေရဆဲ
ငါ့ဖြစ်တည်မှုပဓါနကိုငြင်းဆန်ရင်း
မုသားအပြည့်နဲ့အတ္တဘ၀လောကမှာ
ဆက်လှမ်းဖို့ဝိရောဓိဖြစ်နေခဲ့တယ်..။

အစၹ်တၱအက်ဆံုးၿဖစ္တည္မွဳပံုသ႑န္ကို
စုံလုံးကန်းယန္တယားတခုအတွက်
ပူဇော်ပြစ်ဖို့ဆိုတာ
ငိုက်မျဉ်းနေတဲ့ပဋိပက္ခကို
ရုပ်လွန်သစ္စာကနေဆွဲသွင်းလိုက်ခြင်းဖြစ်သလို
ဖြစ်ပေါ်နေတဲ့အတ္တကွက်လပ်ကို
ပုံသေကားချဖြည့်ဆည်းရမှာကတော့
နိစ္စဓူဝအရေးအတွက်နဲ့
စိတ်အလိုလိုက်တဲ့ကစားပွဲသာဖြစ်နေတော့
နောက်ဆုံးမှာမျှော်လင့်ခြင်းဆိုတာသာ
တရားဝင်သင်္ကေတဖြစ်နေခဲ့ပေါ့...။

သေချာနေတဲ့အရာတခုက
ဖွဲ့စည်းပုံအသစ်အတွက်
ငြီးငွေ့မှုတွေကိုငြီးငွေ့နေတဲ့
ငါ့အတ္တအဆွေးတွေကို
မီးသင်္ဂြုလ်ရလိမ့်မယ်
ကဲ...ခု.....
ကျွန်တော့်ကိုမေးခွန်းအသစ်ပေးကြပါ။ ။



ဒီနေရိုင်းသစ်

Friday, October 19, 2012

ရှေးဟောင်းပစ္စည်းအတုများ


၁၉၁၁ -ခုနှစ်တွင်ဖြစ်၏၊ အင်္ဂလန်ပြည် “ ဆပ်ဆစ် ( Sussex ) ခရိုင်” ၌ ထူးဆန်းသော အရိုးခေါင်းခွံ အစအနများကို  ရှေးဟောင်း လက်နက်များနှင့်အတူ ယှဉ်တွဲတွေ့ရှိရ၏၊ တွေ့ရှိသူမှာ “ ချား(လ်)ဒေါ်ဆန် ( Charles Dawson ) ဆိုသူ ဖြစ်သည်။  တွေ့ရှိရသော အရိုးခေါင်းခွံ အစအနများနှင့် မေးရိုးတို့ကို ဆက်စပ်လိုက်ရာ ပြည့်စုံသည့် ဦးခေါင်းခွံတခု ဖြစ်လာ၏။ ထိုဦးခေါင်းခွံရိုးသည် မနုဿဗေဒ ပညာရှင်တို့ကို အထူးတုန်လှုပ် အံ့အားသင့်စေခဲ့သည်။ စိတ်ဝင်စားစေခဲ့သည်။ လူသားတို့ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုသမိုင်းတွင်အရေးပါလှသော အထောက်အထား တခုအဖြစ် ထိုဦးခေါင်းခွံရိုးကို ထည့်သွင်းသွင်းသတ်မှန်ခဲ့ကြသည်။ စတင်တွေရှိသူ ချားလ်ဒေါ်ဆန်ကို အစွဲပြ၍  “ အီယွန်သရိုးပတ်(စ်) ဒေါ်ဆင်နီ” ဟု အမည်ပေးခဲ့ကြ၏။  “ပိလ်(တ်)ဒေါင်းလူသား” ( Piltdown Man ) ဟုလည်း ခေါ်တွင်ခဲ့သည်။


Thursday, October 18, 2012

တယောနဲ့ချော့သိပ်ပါရစေ..မေ

မာလွန်ဘရန်ဒိုနဲ့ အယ်လ်ပါချီနိုတွဲပြီး သိပ်ကောင်းတဲ့ ကားတကားကို
ဖန်တီးဖူးခဲ့ကြတယ်..။ ဇတ်လမ်းကောင်းသလို Theme Tune လဲသိပ်
ကောင်းပါတယ်..။တယောသံညက်ညက်နဲ့ သံစဉ်ကောင်းကောင်းကို
တီးထားတာ..ညလူခြေတိတ်ချိန်တီးလုံးသတ်သတ်နားထောင်ရရင်
လူကလွင့်မျော......။



ဂီတသံမှာ နှစ်သက်တာ သုံးမျိုးရှိတယ်..။
Grand Piano..Violin..Hollow Guitar..ပါ..။ဂစ်တာသံဆာလောင်ရင်တော့
ကိုယ့်ဖာသာကိုယ် တီးရပါတယ်..။တယောနဲ့ ပီယာနိုကတော့..လိုက်ရှာယူ
ရပါတယ်..။တီးတာချင်းတူရင်တောင် Mood မှာကွာတော့ တချို့တွေက
အတီးကောင်းပေမယ့် နားထောင်ရတာ ပေါ့ရွှတ်ရွှတ်နိုင်တတ်တယ်..။

ကျေ နာ် ဆံ ပ င်ေ တွ ရှ ည် တု န်း က


(၁)
ကျေ နာ် ဆံ ပ င်ေ တွ ရှ ည် တု န်း က . . . . . .
ကျေ နာ် အ ရ ပ် မ ရှ ည် ပါ ။ က် ေ နာ့္ အ က်ႌ ေ ကာ္ လံ က ေ တာ့  ရှ ည် ပါ သ ည် ။ ကျေ နာ် ကြို က် ေ သာ ေ ကာ င္ မ ေ လ း က လ ည်း ရှ ည် ပါ သ ည် ။ ( သူ မ အ ရ ပ် အေ မာ င်း ကို မှီ ရ န် သို့ မ ဟု တ် မီ သ ည် ဟု အ ထ င်ေ ရာ က်ေ စ ရ န် ကျေ နာ် သ ည် ခွာေ လး လ က် မ ခ န့် မြ င့်ေ သာ ဟို က် ဟီး ရှူး ဖိ န ပ် ကို သူ မ နှ င့် ဆုံ ရ န် ရှိ တို င်း ဂ ရု ပြု ကာ စီးေ လ့ ရှိ ပါ သ ည် ။ )  ကျေ နာ့် ရ ည်း စား စာ က လ ည်း ရှ ည် ပါ သ ည် ။ သို့ေ သာ်  ကျေ နာ် ၏ တ စ် ဖ က် သ တ် အ ချ စ် ဇာ တ် လ မ်း ကေ တာ့  မ ရှ ည် ပါ ။ေ ကာ င် မေ လး သ ည် သူ မ ၏ ချ စ် သူ ( ကျေ နာ့် ထ က်ေ ရာ သူ မ ထ က် ပါ အ ရ ပ် ပို ရှ ည်ေ သာ င နဲ ) နှ င့် လ က် ဆ က် သွား ပါ သ ည် ။ သူ တို့ ၏ အိ မ်ေ ထာ င်ေ ရး သ က် ရှ ည် မ ရှ ည်  ကျေ နာ် မ သိ ပါ ။  ကျေ နာ့် အ လွ မ်းေ တွ  ရှ ည်ေ န ခဲ့ သ ည် မှာေ နာ က် ထ ပ်  ချ စ် စ ရာေ ကာ င်း ေ သာ ေ ကာ င္ မ ေ လ း တ စ္ ေ ယာ က် နှ င့် ကျေ နာ်ေ တွ့ ဆုံ ခွ င့် ရ သ ည့်  အ ချိ န် ထိ ဖြ စ်ေ လ သ ည် ။

Tuesday, October 16, 2012

တိဟိတ်ကလေးမှ တိဟိတ်ကြီးသို့ ပျံသန်းသူ(ဒေါက်တာဘမော် နှင့်ညိုမြ)

ဂျပန် ဧကရာဇ် ဟီရိုဟီတိုနှင့် ပညာသင်ဘက် သူငယ်ချင်း၊ ပြင်သစ်နိုင်ငံ ဆော်ဘွန်းတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သူ၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သူ ဒေါက်တာဘဟန်၏ ညီ၊ ဗြိတိသျှခေတ် နန်းရင်းဝန်၊ ဂျပန်ခေတ် မြန်မာပြည်၏ အဓိပတိ အာဏာရှင်၊ အမျိုးသား ခေါင်းဆောင်ကြီး ဦးအောင်ဆန်းက စကားပြောနည်းအရာတွင် စံပြု ခံရသူ ဒေါက်တာဘမော်ကို အိုးဝေဦးညိုမြက စာတစ်တို့တို့ထိခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဘမော်၏ လုပ်နည်းကိုင်နည်းများသည် အားနည်းကောင်း နည်းခဲ့ပေလိမ့်မည်။ နိုင်ငံလွတ်လပ်ရေးအတွက် သူလုပ်ကိုင်ခဲ့ရစဉ်တွင် ဗြိတိသျှသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး၊ ဘုန်းမီးနေလ အတောက်ပဆုံးအချိန် ဖြစ်နေ၍ သူသာမဟုတ်ပါဘူး၊ ဘယ်သူမှ လွတ်လပ်ရေးရအောင် လုပ်နိုင်သေးမည် မဟုတ်ပါ။ ဒုတိယ ကမ္ဘာစစ်ပြီး၍ ဗြိတိသျှတို့ သြဇာကျဆင်းလာချိန်တွင် ဒေါက်တာဘမော်လည်း အာဏာလက်လွှတ်ခဲ့ရ၍ နောက်ပိုင်း လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သူ၏ အခန်းကဏ္ဍသည် မထင်ပေါ်တော့။ ထို့ကြောင့် သမိုင်းတွင် သူ့နေရာက ရှိသင့်သလောက် မရှိဟု ယူဆပါသည်။ သို့သော် သူ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နိုင်ငံလွတ်လပ်စေလိုစိတ်တို့ကိုကား မည်သူမျှ သံသယ ရှိစရာမလိုချေ။ ဖက်ဆစ်တော်လှန်ရေးအတွက် ဒေါက်တာဘမော်၏ အခန်းကဏ္ဍ မည်မျှ အရေးပါပုံကို ဦးနု၏ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်တွင် အသေးစိတ် ညွှန်းဆိုထားသည်ကို ကြည့်၍ သိနိုင်သည်။ လူတစ်ဦး၏ သမိုင်းတန်ဖိုးသည် ကြည့်ရှုသူ၏ ထောင့်၊ ခေတ် အချိန်တို့ကို လိုက်၍ အမျိုးမျိုး ပြောင်းလဲတတ်သည် ဖြစ်ရာ နောင်အနှစ် (၅၀-၁၀၀) အကြာ သမိုင်းတွင် ရှိနေမည့် ဒေါက်တာဘမော်၏ နေရာကို မည်သူမျှ မသိနိုင်၊ မခန့်မှန်းနိုင်ပါ။

ဦးနု ပြောတဲ့ ဦးအောင်ဆန်း

(၁၉၃၄-၃၅) ပညာသင်နှစ်ထဲ ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း ကို ကျွန်တော် ပထမဆုံး တွေ့ဖူးတာ။ သူက အင်တာ မီဒီယိတ် ကျောင်းသား။ ကျွန်တော် ကတော့ တက္ကသိုလ်ကို တတိယ အကြိမ် ပြန်ရောက် လာပြီး ဥပဒေတန်း တက်နေတယ်။ ခုလန်ဒန်မှာ AFPEL ကိုယ်စားလှယ် လုပ်နေတဲ့ ကိုအုန်းက ကျောင်းသား သုံးယောက်နဲ့ တွေ့ဖို့ ကျွန်တော့်ကို တိုက်တွန်းတယ် ။ ဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမ ပြယုဂ်ကြီးတွေ ဖြစ်လာမယ် လို့ သူက တွေ့ရှိ ထားတယ်။ အဲဒီ သုံးယောက်ထဲမှာ ကိုအောင်ဆန်းက တစ်ယောက် အပါအ၀င်။ ကျန်တဲ့ နှစ်ယောက်ကတော့

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ…


ဒီနေ့စာတွေလိုက်ဖတ်ရင်း EastWind Burma ဆိုတဲ့ ၀က်ဘ်ပေ့ခ်ျက ပို့စ်တခုအလွန်နှစ်ခြိုက်မိလို့ ကျွန်တော့်ဘလော့ဂ်မှာပြန်လည်ဖော်ပြလိုက်ပါတယ်..။ဒီဇတ်လမ်းထဲက ဒေါ်မွန်မွန်ရင်ဆိုတာ
 ဂဠုန်ဦးစောရဲ့မြေး ဖြစ်ပါတယ်..။

"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။   ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"
(ဒေါ်အောင်ဆန်းစုကြည်)
 ------------------------------------------------------------------------------------
လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

Wednesday, October 3, 2012

စကားလုံးများထက်ပိုကာ..

ဒီသီချင်းက လူတော်တော်များများ..
နားထောင်ဖူးလိမ့်မယ်..
(Westlife တွေကောင်းမှုနဲ့..)
အမှန်တော့.. အော်ရီဂျင်နယ်က Extreme Band ဖြစ်တယ်..။



မက်ဆာချုးဆက်က .. Rock Band ဖြစ်ပြီး 1985လောက်မှာ
စတင်ကျော်ကြားလာတယ်.။
ဒီသီချင်းက 1991/92 မှာ ရွှေ နဲ့ ပလက်တီနမ် Album စာရင်းဝင်
Pomograffitti ထဲက More Than Words(သူလဲ BillBoard မှာ ၁ ပဲ)ဖြစ်တယ်..။

ကောင်းကင်ကလူ

ဒီသီချင်းကို ထွဏ်းထွဏ်း က ကောင်းကင်ကလူ
ဆိုတဲ့အမည်နဲ့ဆိုဖူးပါတယ်..။



မူရင်း ရေးသားသူနဲ့ သီဆိုသူဟာ.. Eric Clapton ဖြစ်တယ်။
ဒီလူဟာ ဂီတနယ်ပယ်အသီးသီးက သတ်မှတ်ထားတဲ့
သမိုင်းတလျှောက်အကောင်းဆုံးဂစ်တာသမားများ
စာရင်းမှာ ထိပ်ဆုံး ၅ယောက်စာရင်းထဲ ၀င်သူဖြစ်တယ်..။

အရသာရှိလှတဲ့ Sukiyaki

ဒီသီချင်းလေးကြားဖူးကြမှာပါ...။
ကော်ပီအနေနဲ့ကြားဖူးနေတော့ သာမန်သီချင်းကောင်းလေး
သံစဉ်ကောင်းလို့ ပြန်ဆိုကြတာနေမှာပေါ့လို့ တွေးခဲ့မိပါတယ်။

ဒီသီချင်းကို ဂျပန်လူမျိုး တေးရေးဆရာ ရိုကိုဆူကီအိ ရေးထား
ပြီး အဆိုတော် ကူဆာကာမိုတို ဆိုထားတာပါ။
ဒီသီချင်းရေးဖို့ ဖြစ်ပေါ်လာတဲ့တွန်းအားက
"Treaty of Mutual Cooperation and Security between
the United States and Japan" လို့ခေါ်တဲ့ ၁၉၆၀မှာချုပ်ဆိုခဲ့တဲ့
ဂျပန်နဲ့ အမေရိကန်ကြားက သဘောတူညီမှုစာချုပ် ကြောင့်ပါ။
ဒီစာချုပ်ဟာ စစ်ရှုံးဂျပန်နိုင်ငံကို စစ်ရေးကန့်သတ်တဲ့အပြင်
အမေရိကန်တပ် ဂျပန်မှာ လာရောက်တပ်စွဲဖို့ သဘောတူညီ
ရတဲ့စာချုပ်ပါ။ တေးရေးဆရာဟာ မအောင်မြင်ခဲ့တဲ့
ဆန္ဒပြပွဲတွေနောက်မှာ ဒီသီချင်းကိုရေးခဲ့ပါတယ်..။



သီချင်းရဲ့ထဲမှာ ပန်းတိုင်ရောက်ဖို့လျှောက်နေတဲ့
အချိန်၊ခေါင်းမတ်မတ်တည်ထားတဲ့အချိန်မှာ .. နာကျင်ပေမယ့် မျက်ရည်တော့မကျဘူး ဆိုပြီးစပ်ဆိုထားပါတယ်..။

Punk-Rock ဘုရင်မ

ဒီသီချင်းကို ကြားကြားချင်းကြိုက်ခဲ့ရတယ်..
၂ရက်လောက်မပိတ်ပဲ ဆက်တိုက်ဖွင့်ဖူးတယ်...။
ဘယ်မိန်းကလေးPunk-Rock အဆိုတော်မှ
သူမထက် ကောင်းတာခုချိန်ထိမတွေ့သေးဘူး...။




Let Go... (4 June 2002)
Under My Skin.. (25 May 2004)
The Best Damn Thing.. (17 April 2007)
Goodbye Lullaby (8 March 2011)
ဒီAlbum ၄ခုဟာခုချိန်ထိဖမ်းစားနိုင်ဆဲ..။


Sunday, September 30, 2012

စကြာဝဋ္ဌာထဲက တွင်းနက်

စကြာဝဋ္ဌာဆိုင်ရာသိပ္ပံပညာရပ်အကြောင်း စာတွေဖတ်ရာကနေ ရင်းနှီးလာတဲ့ စကြာဝဋ္ဌာရဲ့
လျှို့ဝှက်ချက်တွေပါ။မြန်မာပြည်မှာ စကြာဝဋ္ဌာဆိုင်ရာသိပ္ပံပညာရပ်အကြောင်းတစိုက်မတ်မတ်ရေးတဲ့
စာရေးဆရာ/မ..လက်လှမ်းမီသလောက်ထဲကဆိုရင် ဆရာစိုးစိုး(အင်္ဂပူ)၊ဆရာဘိုးလှိုင်၊
ဆရာ တက္ကသိုလ် ကြယ်ပွင့်..နောက် ဒေါက်တာတင်အောင်...တို့ရှိပါမယ်။
ဒီမှတ်စုကိုတော့ ဖတ်ဖူးသမျှထဲက စိတ်ဝင်စားမိတဲ့အချက်တွေ မှတ်သားပြီး အချက်လက်တွေ
ထပ်မံစုဆောင်းကာမှတ်စုရေးပါတယ်..။ပြည့်စုံတယ်လို့တော့မယူဆပါ..။ အတတ်နိုင်ဆုံး
အချက်လက်မှန်တွေကိုစုကာ ၀ါသနာတူတွေသိဖို့ရာစုဆောင်းထားပါတယ်...။

စိတ်ဝင်စားမိတာက တွင်းနက်များခေါ် Black Holes ပါ..။







Thursday, September 27, 2012

ရင်တွင်းမေရဲ့ ပိုင်ရှင်

စတီရီရိုခေတ်တုန်းက မြန်မာအဆိုတော်တွေ တော်တော်များများ
ရဲ့သီချင်းတွေ အဖေ ဂစ်တာတီးရင်းဆိုတာနားထောင်ဖူးတော့
ကြိုက်တဲ့သီချင်းတွေ၊အဆိုတော်တွေ တော်တော်များရှိတယ်..။

စိုးပိုင်၊ခင်မောင်တိုး၊မင်းမင်းလတ်၊ကိုင်ဇာ၊အက်စ်ကဲနက်၊စိုင်းထီးဆိုင်
လားရှိုးသိန်
းအောင်၊ဘိုဘိုဟန်၊ကံ့ကော်တောမျိုးအောင်..အိုး..များမှများ။
အဲ့ထဲက ထူးခြားတဲ့ အဆိုတော်တယောက်တော့ လွှမ်းမိုးပါ..။




သူ့သီချင်းတွေ တော်တော်များများကြိုက်တယ်..။ဘယ်လိုပြောမလဲ..

သူ့ဖီးလ်က ခုခေတ်နဲ့လဲ ကိုက်ညီနေတုန်းပဲလို့ထင်တယ်..။လတ်ဆတ်

နေတုန်းပဲ...



"ပုန်ကန်သူ"




(၁)
ကိုယ်ဟာ ပုန်ကန်သူပါ....
ပုန်ကန်သူတွေကို သူပုန်လို့ခေါ်သတဲ့...။

(၂)
သမိုင်းအမှားနဲ့ ၀ါဒဖြန့်ဇတ်လမ်းတွေကြောင့်
ညီမလေးက သူပုန်ဆိုရင်ကြောက်သတဲ့လား..။

(၃)
ဆရာစံ၊အောင်ဆန်းမှသည် ဆလိုင်းတင်မောင်ဦး..
သောမတ်စ်ပိန်း၊ယက်ဗ်တူရှင်ကိုမှသည် မောင်ချောနွယ်..
ကော့ပါးနီးကပ်စ်၊ခရစ္စတိုဖာကိုလံဘပ်စ်မှသည် ချားလ်စ်ဒါဝင်..
ဂျော့ဝါရှင်တန်၊ ချေဂွေဗားရားမှသည် မင်းကိုနိုင်..
တော်လှန်တဲ့ ပုံသဏ္ဍာန်နဲ့ နယ်ပယ်ချင်းမတူပေမယ့်
သူတို့ဟာ သူပုန်တွေတွေပါကွယ်..။

အမှန်တော့ သူပုန်ဆိုတာ
အမှားမှန်ကိုသိမြင်စွမ်းတဲ့ဥာဏ်ရှိတဲ့အပြင်
သိမြင်တဲ့ အမှန်တရားကို ဖော်ထုတ်ရဲတဲ့
သတ္တိနဲ့ပြည့်စုံတဲ့ ယောက်ျားကောင်းတွေပါကွယ်..။

(၄)
ကိုယ်ဟာ ပုန်ကန်သူပါကွယ်....။   ။


Tuesday, September 25, 2012

Aung San Suu Kyi: The Choice

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟိုးအရင် အကျယ်ချုပ်ကျနေစဉ်က ပုံရိပ်တွေ ၊ သူ့မိသားစုရဲ့ အခက်အခဲတွေ ၊
မိသားစုနဲ့ တိုင်းပြည်ကြားမှာ လုပ်လိုက်ရတဲ့ ခက်ခဲတဲ့ ရွေးချယ်ချက် စတဲ့အကြောင်းတွေကို ရိုက်ထားတာ.....။



ဒါတွေဟာ ခက်ခဲခဲ့တယ်ဆိုတာ လူတိုင်း သိပြီးသားပါဘဲ ။ ဒါပေမယ့် အခုလို
ပူးပေါင်းတင်ဆက်ပြီး မမြင်ဖူးတဲ့ပုံရိပ်တွေတွေပါ ပါတော့ ကြည့်ရတာ ပိုသဘောပေါက်စေတယ် ။ အချိန်ပေးရကျိုးနပ်ပါတယ် ။အဲ.... ဦးနေ၀င်းရဲ့ '' သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး ''
ဆိုတဲ့ သမိုင်းတွင် စကားကြီးကိုပြောနေတဲ့ ပုံရိပ်တွေလည်း ပါပါ့။ အားကြီးချစ်စရာကောင်း.....။

Friday, September 21, 2012

ညရဲ့ရနံ့

ဒီညမှာကြွေကျကြယ်မရှိဖူး....
တောင်းစရာဆုလဲမရှိဖူး....
ကျောက်ဖုရားမြစ်ဆီရောင်ပြန်လက်နေတဲ့
ရီဝေေ၀..အငေးပဲရှိခဲ့...

ငါ့မျက်နှာဆီပြေးဝင်တိုးဝှေ့လာတဲ့
ဆားငံနံ့သင်းသင်း...ရေရဲ့ရနံ့ရယ်..
ဝတ်လစ်စလစ်...သောက်လက်စ

Heineken ဗူးဟောင်းရယ်က....
ငါ့ကို..အဖော်ပြုလို့....

တဝေါဝေါမြည်နေတဲ့...
ကွန်ကရစ် ၈လမ်းသွားမြစ်ရဲ့အညံ..
အဝေးကနေ..တချက်တချက်..
ခပ်သဲ့သဲ့ကြားရတဲ့..FMရေဒီယိုအသံ...

အင်း....
သူတို့ဟာ..ဒီညအတွက်..
ငါ့ရဲ့ ဘရော့ဒ်ဝေး..သြကက်စထြာ...။ ။

ဒဲရစ်
၂၉၊သြဂုတ်၊၂၀၁၂

Thursday, September 20, 2012

ဘလော့ဂ် နှင့် သူ၏သတို့သမီးများ




အစကတော့ ဒီလိုဘလော့ဂ်တခုရဲ့သိပ်ပြီးအခြေခံကျတဲ့ အကြောင်း မရေးတော့ဘူး ဆိုပြီးနေပါတယ်။
(များကဒါတွေ သိပြီးသား .. လို့ အပြောခံရမှာစိုးရိမ်မိလို့ပါ :D)..။ဒါပေမယ့်  မမိကူးဆိုတဲ့
အမတယောက်ကနေတောင်းဆိုလို့ ဒီနောက်ဆက်တွဲကိုရေးပါတယ်။ Beginner တွေအတွက်
ရည်ရွယ်တဲ့ ပို့စ်ဖြစ်ကြောင်းထပ်လောင်းပြောကြားပါရစေ..။လွယ်လင့်တကူရေးမိတာတွေ...ရှိခဲ့ရင်
ထောက်ပြအကြံပေးနိုင်ကြောင်းပါခင်ဗျား..။

ဒီမှတ်စုရဲ့ ပထမပိုင်းလို့ ပြောလို့ရတဲ့ မှတ်စုလေးဖတ်ချင်ရင်....အွန်လိုင်းသစ်ပင် ပျိုးရအောင် ကိုဖတ်ပါခင်ဗျား..။

Sunday, September 16, 2012

အွန်လိုင်းသစ်ပင် ပျိုးရအောင်




ဘလော့ဂ်တစ်ခု ပျိုးထောင်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ဘလော့ဂ်တည်ဆောက်သူရဲ့ပီတိဟာ
ကိုယ်စိုက်လိုက်တဲ့ အပင်ရှင်သန်ကြီးပြင်းလာတာကို တစိမ့်စိမ့်ကြည့်ပြီး ပီတိဖြစ်ရတဲ့
ဥယျာဉ်မှူးတစ်ယောက်နဲ့ မခြားနားလှဘူးလို့ထင်မိပါတယ်။(ကိုယ့်ဘလော့ဂ်လေး လူသိသည်
ဖြစ်စေ...၊မသိသည်ဖြစ်စေ ပေါ့နော်..။)
အမှန်ကတော့ ခုချိန်မျိုးမှာ ဘလော့ဂ်တခုလုပ်တယ်ဆိုတာ အဆန်းတကျယ်တော့မဟုတ်ဖူးပေါ့..။
အင်တာနက်အသုံးများလေလေ၊ဖတ်တာသိတာများလာလေလေ လက်တည့်စမ်းရင်းနဲ့ လုပ်ဖူးသူတွေ
လဲအများကြီးရှိမှာပါ။ဒါကြောင့်မို့ ဒီမှတ်စုလေးမရေးခင် ငါရေးတာ အပိုများဖြစ်မလားတွေးပြီး
လက်တွန့်မိပါတယ်။ဒါပေမယ့် တကယ်မသိသေးတဲ့ သူတွေလဲရှိကောင်းရှိနိုင်တယ်။နောက်ပြီး
ဘလော့ဂ်လုပ်နည်းကို ဟိုတပိုင်းဒီတပိုင်းဖတ်ပြီးမျက်စိလည်သူတွေရှိများရှိခဲ့ရင်
ဆိုပြီး လွယ်လွယ်ကူကူနဲ့ ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ပြန်ရေးတဲ့သဘောပါပဲ။


Friday, September 14, 2012

အနက်ရောင်ညီနောင်များ




ဥာဏ်အလင်းတော်ဂိုဏ်း...။ ဖရီးမေဆင် လို့ခေါ်တဲ့ အသင်းအကြောင်း
ဆရာမင်းသိင်္ခမိတ်ဆက်ပေးလို့ကြားဖူးနားဝရှိခဲ့ပါတယ်..။ဖတ်ခါစတုန်းကတော့
 ယုတ္တိရှိအောင် စာရေးသူ ဖန်တီးထားတဲ့ အကြောင်းအရာလို့ထင်ခဲ့ပါတယ်..။
စိတ်ဝင်စားမှုရှိပေမဲ့မေ့မေ့ပျောက်ပါပဲ..။
ဒါပေမယ့် .. Mythology ကိုစိတ်ဝင်စားမိလို့ လေ့လာမိတော့
ဒီအကြောင်းအရာတွေဟာ ဒွေးထောယှက်တင် ပါဝင်လာပါတယ်..။


ပျောက်ဆုံးနေတဲ့ မြို့တော်


စိတ်ဝင်စားမိတဲ့အကြောင်းအရာထဲကတစ်ခုမို့ လက်လှမ်းမီသလောက်
အကြောင်းအရာတွေ စုစည်းပြီး ရေးလိုက်ပါတယ်။
------------------------------------------------------------------



The Atlanta ဆိုတဲ့ရှေးမြို့ဟောင်းအကြောင်း ကြားဖူးပါတယ်..။
ဒီမြို့တော်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ ကျော် (BC ၉၆၀၀) ခန့်တုန်းက Pillars of Hercules
(ယခုခေတ် ဂျီဘရော်တာ ရေလက်ကြားဖြစ်ပေါ်စေသောကုန်းမြေမြင့်ထိပ်) ရဲ့
အနောက်ဖက်ယွန်းယွန်းမှာ ရှိခဲ့တယ်လို့ ယူဆကြတဲ့ ရှေးခေတ်ရဲ့ အသိဥာဏ်ပိုင်းနဲ့
နက်နဲမှုတို့နဲ့အတူပျောက်ဆုံးနေတဲ့မြို့တော်ဖြစ်တယ်။



တည်နေရာမှန်းဆချက်ဂြိုလ်တုဓါတ်ပုံ

ဒီသမိုင်းကြောင်းကိုပြောတဲ့အခါ ချန်လှပ်ထားလို့မရတဲ့လူနှစ်ယာက် ရှိနေပါတယ်။ပထမ
တယောက်ကတော့.......

Sunday, August 26, 2012

နာမဝိသေသန


စစ်တုရင်ပွဲတခုမှာ..
မြင်းရုပ်၊ကာဆယ်ရုပ်တို့ရဲ့ရှေ့ကနေ
ဘုရင်မကိုကာကွယ်ပေးတတ်တဲ့
ပွန်းရုပ်လေးဟာ..ငါပါ..။

မိုးတိမ်တို့အရွေ့မှာ
ဟိုတစ..ဒီတစ ကြွေကျတတ်တဲ့
သစ်ရွက်ကြွေအဝါနွမ်းထဲက
နောက်ဆုံးသစ်ရွက်ဟာ...ငါပါ..။

စိတ်ထဲရှိတဲ့..ခံစားမှုတွေကို
အပေါက်လမ်းတဲ့အောင်..
မဖော်ပြတတ်တဲ့
ဂျစ်ကန်ကန်..
မှုန်တေတေကောင်ဟာ..ငါပါ..။

ဂစ်တာဖလက်တံပေါ်က
Major လဲမဟုတ် Minor လဲမဟုတ်
တီးလိုက်ရင်အသံဆန်းနဲ့ခပ်ရမ်းရမ်း
Keyတွေဟာ...ငါပါ..။

အနက်ရောင်ကို
တရှိုက်မက်မက်နှစ်သက်ပြီး
ညညတွေဆို..
တယောက်ထဲကြယ်ငေးနေတတ်တဲ့
ဒရက်ကူလာ..ကောင်ဟာ..ငါပါ...။

ဟုတ်ပါတယ်..
ဒီနာမဝိသေသနတွေဟာ..
ငါပါ...။    ။

Tuesday, July 31, 2012

G-mail တွင်drop&down လုပ်ပြီးဒါရိုက်ပို့မယ်


ရေးမယ်..ရေးမယ်နဲ့..မရေးဖြစ်သေးတဲ့အကြောင်းအရာလေးပါ။

အရင်ကဆို...ကျွန်တော်တို့တတွေ..မေးလ်ကနေ file attachment လုပ်မယ်ဆိုရင်

attachment အရင်လုပ်၊..ပြီးမှ..ကိုယ်ပို့ချင်တဲ့ ဖိုင်(သို့)item လေးရွေးပြီးပို့ရတာ

မို့လား..။ခုတော့ "Firefox" ကနေ ပံ့ပိုးပေးထားတဲ့... Hack အသစ်လေးကို မိတ်ဆက်

ပေးပါရစေ..(သိပြီးသားလူတွေတော့..တိတ်တိတ်လေးနေပေးကြပေါ့နော်)..။






















ကျော်မယ်၊ခွမယ်..

အခုဖော်ပြပေးတာလေးက လိုအပ်မယ်ထင်လို့၊ပြီးတော့ proxy နည်းပညာ၊ကျွန်တော်ရေးခဲ့တာတွေရှိပေမယ့်
ပုံနဲ့တကွ..မဟုတ်တာမို့...အကြွေးဆပ်တဲ့အနေနဲ့.. သူများလုပ်ထားတဲ့ဟာကို နဲနဲပြင်ဆင်ပြီး.. ဖော်ပြလိုက်ပါတယ်။ အဓိက၊ ကတော့....
ဒီပိုစ်လေးဖတ်အပြီးမှာ..ကျွန်တော်ဖော်ပြခဲ့ပြီးသော International proxy Numbers တွေကိုဖြည့်သွင်းအသုံးပြုကြည့်ကြပါ...အဆင်ပြေမပြေလဲပြန်ကြားချင်ပါတယ်။

အောက်မှာလဲ..တခါတည်း နိုင်ငံကြီးတချို့ရဲ့ proxy No တွေကိုတွဲရက်သား..ဖော်ပြပေးလိုက်ပါတယ်..

Connection မြန်အောင်လုပ်နည်း



Windows ကွန်ပျူတာ သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါတယ်..။
ကဲ ..စရအောင်….
1. Start Menu—>> Click Run ကိုရွေးပါ။
2. Type gpedit.msc ရိုက်ပါ။
3. Enter ခေါက်ပါ။
4. ဘယ်ဘက်ခြမ်းက Computer Configuration ကို Expand လုပ်ပါ။
၅. Administrative Templates ကို Expand လုပ်ပါ။
၆. Network ကို Expand လုပ်ပါ။
၇. QoS Packet Scheduler ကိုရွေးပါ။
၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservable Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ
   double Click နှိပ်ပါ။
၉. Limit Reservable Bandwidth Properties box မှာ Enable option ကိုရွေးပါ။
၁၀. Bandwidth Limit [%] box မှာ 20%ကို 0 % ပြောင်းပြီး ok နှိပ်ထွက်ပါ။

Get your latest Post on Blogger Deric

 Getting the new post from my blog is available now.
You can download the App directly download to your Phone.

Go to this link.
And Download the App to your Android.

Thank you.

Friday, June 8, 2012

NANG TAWH


 
Nang hang in ..
Ka nuntakna in .. khiatna hong nei sak tuam ..
Ka zaal mang te ah .. lungnopna om tuam ..
Ka gelna te ah .. lametna dim tuam ..
Ka ngaihsutna te .. tangtung sak tuam e ..
...
Nang tawh tul lo a, sam gi bang khen ding ..
Lailung ah ka gel ciang, lainatna lian lua e ..

Tungsianmang in hong siam hen la ..
Vanlai ah phualva bang in ..
I lengkhop ding kaal ..
Hai bang ngak lah lua ing e ..
..
M Gam LingPaak(M HninC Yine-အဲမ်နှင်းဆီရိုင်း... )
..
(This poem is Poet by My Elder Sis..in Tedim Dialect..she said her first Poem in our Dialect,but I Don't think so,b'coz This poem is really nice
!!..that's why I post in my Blog,by her Permission..)

Friday, June 1, 2012

မေ့လျော့ခဲ့သော..


ကျွန်တော့်အမေ..နေမကောင်းဖြစ်နေပါတယ်။ကျွန်တော်ကတော့သူ့ဘေးမှာ..ကွန်ပြူတာတလုံးနဲ့
အလုပ်ရှုပ်နေခဲ့ပါတယ်။အမေဟာ..တခါတရံ..မှိန်းနေတတ်သလို..တခါတရံကျတော့နိုးနေတတ်တာများပါတယ်။

သူနိုးလာရင်လမ်းအနည်းငယ်လျှောက်တတ်တာကလွဲလို့များသောအားဖြင့်အိပ်ယာထဲမှာတိတ်တိတ်ဆိတ်လေး
မျက်လုံးလေးဖွင့်ကာလှဲနေတတ်ပါတယ်။တခါတလေကျတော့လဲ...“အိမ်မက်မကောင်းဘူး၊နေရထိုင်ရတာမအီမသာ
နဲ့..အင်း...ငယ်တုန်းကအကြောင်းတွေသတိရတယ်”စသဖြင့်ညည်းတတ်ပါတယ်။အဲဒီခါမှာ..ကျွန်တော်က..
“ဘာတွေရှောက်တွေးနေတာလဲ..နေကောင်းဖို့စဉ်းစားမယ်တော့မဟုတ်ဘူး”ဟောက်မိတတ်ပါတယ်။
အဲလိုကျတော့လဲ..သူဘာမှပြန်မပြောရှာပါဘူး။သူညည်းတိုင်းလဲကျွန်တော်..ဟောက်တတ်ပါတယ်။
တနေ့..ကျွန်တော့်အနား..ကပ်လာပြီး...


Monday, May 28, 2012

ချင်းအမျိုးသား၊ကျောင်းသားခေါင်းဆောင်" ကိုဆလိုင်းတင်မောင်ဦး" ကြိုးပေးခံခဲ့ရခြင်း


မေ့ပျောက်လို့မရသော၊မသင့်သော၊သမိုင်း၏...ကြယ်....ပွင့်..ရုပ်ပုံလွှာ..။
................ ...............................................................................................................



တနေ့ညနေမှာ ထန်ဟိုးနဲ့လျန်ဒို၊ ညီအကိုနှစ်ယောက်..အိမ်ရှေ့လေသာဆောင်မှာထိုင်ရင်းမျက်မှောက်
အခြေနေ၊အခင်းအကျင်း..ဆွေးနွေးနေရင်း..ညီဖြစ်သူလျန်ဒိုက..."အကို..ကျွန်တော်တို့ထဲကနေကျောင်း
သားခေါင်းဆောင်ရှိဖူးလားလို့မေးတော့...အကိုဖြစ်သူကနေ..ချင်းကျောင်းသားခေါင်းဆောင်ဆလိုင်းတင်
မောင်ဦးအကြောင်းပြောပြခဲ့ပါတယ်..


ထန်ဟိုး- နေ၀င်းလက်ထက်၊၁၉၇၄မှာ.. ကုလသမဂ္ဂရာထူးနှစ်ကြိမ်တိုင်တိုင်ထမ်းဆောင်ခဲ့တဲ့ ဦသန့်
ဆုံးပါတယ်။ နေ၀င်းဟာ... သူ့ထက်ထင်ပေါ်သူ၊လူချစ်လူခင်များသူတွေကိုမနာလိုတတ်တဲ့
သူ့သောက်ကျင့်အတိုင်း၊ နိုင်ငံ့သားကောင်းရတနာတဦးလဲဖြစ်၊ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာလဲဖြစ်တဲ့
ဦးသန့်ရဲ့ဈာပနကို... နိုင်ငံတော်ဈာပနအဖြစ်ကျင်းပဖို့နေနေသာသာတော်၏၊လျော်၏သာလုပ်ဆောင်
ဖို့ပြင်တဲ့အဖြစ်ကိုအကြောင်းပြုပြီး YIT(စက်မှုတက္ကသိုလ်)ကျောင်းသားတွေဦးစီးပြီး...နေ၀င်းဗုံးခွဲဖျက်
ဆီးခဲ့တဲ့..သမိုင်းဝင်"ကျောင်းသားသမဂ္ဂအဆောက်အအုံ"နေရာမှာ..ဂူသွင်းဖို့ပြင်ဆင်ကြပါတယ်

လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊

လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။
အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို စုစည်းတင်ပြလိုက်ပါတယ်။
(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ..ဇော်ဂျီ font ဖုန်းသုံးမဗျား

ဟန်းဖုန်းတွေမှာ အင်တာနက်ချိတ်ပြီးတော့ မြန်မာဆိုက်တွေကို ကြည့်ချင်ကြသူများ အထူးသဖြင့် ဘလောဂ်တွေကိုပေါ့ । ဆိုက်တွေရဲ့ 85% လောက်ဟာ zawgyi နဲ့ ရေးထားကြတာဖြစ်တဲ့အတွက် ဇော်ဂျီနဲ့မှ မဟုတ်ရင် အဆင်ပြေပြေ မြင်နိုင်မှာမဟုတ်ပါဘူး . ကဲ နိုင်ငံခြားရောက်လို့ ဟန်းဖုန်းသုံးတဲ့သူတိုင်း ဒါလေးကိုတော့ လိုချင်ကြမယ်ဆိုတာကို ကြိုသိနေပါတယ် . ကျွန်တော်လဲ ရရချင်း တင်ပေးလိုက်တာပါ . အိပ်ချင်နေတာ စင်းပါစင်းနေပြီ . ကဲဗျာ စိတ်ချလက်ချသာဒေါင်းပြီး သုံးကြဗျာ . Mobile phone and Pocket pc များအတွက် မြန်မာစာနဲ့ရေးထားတဲ့ ဆိုက်တွေကို ဖတ်နိုင်ကြပါစေဗျာ . အဲ့ထဲမှာ pdf နဲ့ရေးထားတာပါပါတယ် ဖတ်ကြည့်လိုက်ပါ .

Download Zawgyi keyboard >> Download

အလွမ်းရာသီ


နေသာသလိုနေပေမယ့်
တကယ်တော့ငါရူးနေခဲ့တာပါ
တတိတိနဲ့ကုန်သွားတဲ့စီးကရက်ရဲ့
မီးခိုးမှိုင်းမှိုင်းတွေနောက်
တကောက်ကောက်..အရူးအမူးလိုက်ပါရင်း
ပီကေတွေတဖောက်ဖောက်ဝါး..
စကားတွေချစ်စရာကောင်းအောင်
ပြောတတ်တဲ့မင်းကို
ငါတိတ်တဆိတ်ပဲ..လွမ်းနေခဲ့တာ
ဒီအချိန်ထိဆို..တထောင့်တညတောင်ရှိခဲ့ပေါ့

အပြာရောင်အလွမ်းတွေက
ဗိုင်းရပ်စ်တွေလိုတဇစ်ဇစ်ခုန်ပေါက်လို့
အပေါင်းတစ်ခုကို...
ကြက်ခြေခတ်လို့မြင်ခဲ့ရအောင်
နှစ်ယောက်လုံး..မာနတွေနဲ့မှားခဲ့သလား
တကယ်တော့..မင်းမျက်လုံးမှာ
ဘာတွေရှိတယ်ဆိုတာ..ငါသိနေရက်နဲ့
မမြင်ချင်ယောင်ဆောင်ခဲ့တာ..ငါ့အမှား
ငါ..ဘာတွေဖော်ပြနေတာ..သိသိရက်နဲ့
ဥပက္ခာပြုဖို့ကြိုးစားခဲ့တာလဲ
မင်းအမှားပေါ့ကွယ်

စိတ်ရူးပေါက်နေတဲ့..အတွေးတွေနဲ့
ငါ့ကိုယ်ငါသော့ခတ်သိမ်းဆည်းပေမယ့်
သိပ်မညီညာလှတဲ့
အလင်္ကာတပိုင်းကို..ရွတ်နေမိခဲ့တာ
ဦးပုညသာမြင်နိုင်မယ်ဆိုရင်
ငိုချင်းတပုဒ်လောက်တော့
ဖြစ်လာမယ်..ကောင်မလေးရေ..

အလင်းတွေဆာငတ်တဲ့ရင်အုံနဲ့
အ၀ါရောင်အနမ်းဖျော့တွေအတွက်
စတုတ္ထမြောက်ကောင်းကင်ကိုတောင်ရောက်ခဲ့ပေမယ့်
ငါ့..သတိတွေ..ချည်တိုင်မှာညှိနေခဲ့လို့
တိမ်တွေတောင်မှောင်ကျသွားပေါ့

တဖက်ပိတ်တံခါးတွေကိုတွန်းဖွင့်ဖို့ကြိုးစားနေမိခဲ့ရင်း
ကြိုမသိနိုင်တဲ့နောက်ကြည့်မှန်တစ်ချပ်လို
သိမ်းထားပါမင်းမပြောခဲ့ပေမယ့်
အလိုအလျောက်ဒီမှတ်ဥာဏ်ကသိမ်းထားခဲ့တော့
တကယ်..ငါ့ကိုယ်ငါတောင်မုန်းမိတယ်

ဟုတ်ပါတယ်လေ
တခါသာမှားခဲ့ကြပေမယ့်
နပိုလီယန်လိုတော့..
ငါ..မညဉ်းတော့ပါဘူးကွယ်

ဆာယိုနာရာ...

ဒီနေရိုင်းသစ်