သူငယ်ချင်း
မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း
မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်းထွန်းခဲ့တယ်။
သူငယ်ချင်း
မင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ ပြန်သပ်
ရှင်ပြတတ်ခဲ့ပြီးပြီပဲ ။
သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကိုယ် အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်ခဲ့ရ...
ကျကျနန
မင်းလှပြခဲ့ပြီးပြီပဲ ။
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေနေတဲ့
ဟောဒီ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ် ။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာကို
လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်း ဓာတ်ပြားမှာ
မင်းကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ် ။
သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်မယ့်တစ်နေ့
ငါတို့ ………။ ။
မင်းကိုနိုင်
(တာရာမင်းဝေ၏ ဈာပနတွင် ရွတ်ဆိုသွားခဲ့သောကဗျာ)
Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts
Saturday, November 3, 2012
Friday, November 2, 2012
ရွက်ပုန်းသီး ပုရပိုက်မြို့  သို့ မဟုတ်..
သမိုင်းအရ ဆိုပါတော့… ကလေးမြို့ က မှော်ဆရာ မထွက်ဘူး
မြို့ တည်သက္ကရာဇ် ၃၂၈ ကတော့ မှော်ဆန်တယ်..
အခုလို ဆောင်းဆို အိနြေ္ဒ-နေရဉ္ဖရာ ရဲ့ မြ၀တီဆိုင် ရှေ့မှာ
မှော်ဝင် အက္ခရာများ စာပေသဘောတရားတွေနဲ့ စားတော်တိုက်
လပြည့်ညတောင် လန့် ဖျပ်မှောင်မိုက်သွားတတ်သေး
ကျွန်တော်တို့ ဆိုတာ … ကလေးမြို့ ရဲ့ မှော်ဝင် သစ်စေ့တွေ
တောင်ကနေ မြောက်ကိုလားတဲ့ ပြောင်းပြန်သိုင်းသမား မြစ်သာနံဘေး
စုမိဆောင်းမိ အလင်းမျှင်ခြည်ပေါင်းပြီး ရသအညှောက်တွေ ပြိုင်တူပေါက်
နှလုံးသွေးရဲ့ တောက်ခေါက်သံ ဝတ္တု၊ ကဗျာ၊ သီချင်းတွေ ရေးကြတယ်
မြို့ ကွက်က သိပ်မထူပေမဲ့  ခံစားမှုအရေထူထူနဲ့ 
စာအုပ်ထူထူကြီးတွေကို ကြိုက်ကြတယ်
ကျွန်တော်တို့ မြို့ ကဧည့်သည်လာရင် သီချင်းဆိုတဲ့မြို့ 
တောင်ကဖီလာ … မြစ်ကပြောင်းပြန်…. လူတွေက ကန့် လန့် တဲ့
မနာလိုလို့ ပြောကြတာ … အဲသလို
ပစိပစပ်အပြုံးတစ်စုံဆို
ပိဋကတ်သုံးပုံနဲ့ ထုထည့် လိုက်ရမှာ ဝန်မလေးတဲ့ မြို့ 
အချိန်ကို တန်ဖိုးထားချက်တော့
အိမ်မက်တောင်မှ လိုရင်းတိုရှင်းမက်တဲ့မြို့ 
ကျွန်တော်တို့ မြို့  … ကလေးမြို့  …. ကလေးမြို့ …
ချင်းတောင်တန်းကို လွယ်အိတ်လုပ်
ဇလပ်ပွင့်တစ်ဆုပ်ကြီးရင်သားကို ရဲရဲခွဲ
ချယ်ရီထင်းရှုးရနံ့ သယံဇာတအားလုံး အင်္ကျီချုပ်ဝတ်ထားတဲ့မြို့ 
ဆရာမ ဂျူး … ရဲ့ တိမ်နဲ့ ချည်တဲ့ကြိုး လူလားမြော်ကသွားခဲ့တဲ့မြို့ 
မြို့ လယ်ကောင်မှာ လေယာဉ်ကွင်းရှိတဲ့မြို့ 
မေခ မလိခမြစ်ကို မမြင်ဖူးပေမယ့်
မြစ်သာ - နေရဉ္ဖရာ - မြစ်သာ - ချင်းတွင်းဆုံဆည်းရာတွေကို
တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေတတ်တဲ့မြို့  .. ခင်ဗျားတို့ လိုပဲ
ကျွန်တော်တို့ မှာ …
ဇာတိရနံ့ ထုံထားတဲံ ကိုယ်ပိုင် အိပ်ရာဝင်ပုံပြင်လေးတွေရှိပါတယ်
ချင်းတောင်ပေါ်ကနေ ဈေးကွက်မြင်းစီးထွက်လာတဲ့
သစ်တော်သီးလေးတစ်လုံးလောက် ချိုမြိန်မှုတွေ စောက်မနက်ခဲ့ဘူး …
သမိုင်းအရ ဆိုပါတော့
ဇာတိမြို့ ဖွဲ့ ကဗျာဟာ ..
ရွက်ပုန်းသီးပုရပိုက် ဆန်နေတယ် ….။ ။
----------------------------------------------------------------------
ဘော်ဒါကြီး...လျန်ပေါင်
ရေးတဲ့ကဗျာ..ဖြစ်ပါသည်..။

Wednesday, October 31, 2012
ဖြစ်တည်မှု၏နိဓါန်း(သို့)နိဂုံး

ဘ၀ဆိုတာထုဆစ်ဖို့
ငါ့စမ်းသပ်ခန်းဆောက်တည်နေရဆဲ
ငါ့ဖြစ်တည်မှုပဓါနကိုငြင်းဆန်ရင်း
မုသားအပြည့်နဲ့အတ္တဘ၀လောကမှာ
ဆက်လှမ်းဖို့ဝိရောဓိဖြစ်နေခဲ့တယ်..။
အစၹ်တၱအက်ဆံုးၿဖစ္တည္မွဳပံုသ႑န္ကို
စုံလုံးကန်းယန္တယားတခုအတွက်
ပူဇော်ပြစ်ဖို့ဆိုတာ
ငိုက်မျဉ်းနေတဲ့ပဋိပက္ခကို
ရုပ်လွန်သစ္စာကနေဆွဲသွင်းလိုက်ခြင်းဖြစ်သလို
ဖြစ်ပေါ်နေတဲ့အတ္တကွက်လပ်ကို
ပုံသေကားချဖြည့်ဆည်းရမှာကတော့
နိစ္စဓူဝအရေးအတွက်နဲ့
စိတ်အလိုလိုက်တဲ့ကစားပွဲသာဖြစ်နေတော့
နောက်ဆုံးမှာမျှော်လင့်ခြင်းဆိုတာသာ
တရားဝင်သင်္ကေတဖြစ်နေခဲ့ပေါ့...။
သေချာနေတဲ့အရာတခုက
ဖွဲ့စည်းပုံအသစ်အတွက်
ငြီးငွေ့မှုတွေကိုငြီးငွေ့နေတဲ့
ငါ့အတ္တအဆွေးတွေကို
မီးသင်္ဂြုလ်ရလိမ့်မယ်
ကဲ...ခု.....
ကျွန်တော့်ကိုမေးခွန်းအသစ်ပေးကြပါ။ ။
ဒီနေရိုင်းသစ်
Thursday, September 27, 2012
"ပုန်ကန်သူ"
ကိုယ်ဟာ ပုန်ကန်သူပါ....
ပုန်ကန်သူတွေကို သူပုန်လို့ခေါ်သတဲ့...။
(၂)
သမိုင်းအမှားနဲ့ ၀ါဒဖြန့်ဇတ်လမ်းတွေကြောင့်
ညီမလေးက သူပုန်ဆိုရင်ကြောက်သတဲ့လား..။
(၃)
ဆရာစံ၊အောင်ဆန်းမှသည် ဆလိုင်းတင်မောင်ဦး..
သောမတ်စ်ပိန်း၊ယက်ဗ်တူရှင်ကိုမှသည် မောင်ချောနွယ်..
ကော့ပါးနီးကပ်စ်၊ခရစ္စတိုဖာကိုလံဘပ်စ်မှသည် ချားလ်စ်ဒါဝင်..
ဂျော့ဝါရှင်တန်၊ ချေဂွေဗားရားမှသည် မင်းကိုနိုင်..
တော်လှန်တဲ့ ပုံသဏ္ဍာန်နဲ့ နယ်ပယ်ချင်းမတူပေမယ့်
သူတို့ဟာ သူပုန်တွေတွေပါကွယ်..။
အမှန်တော့ သူပုန်ဆိုတာ
အမှားမှန်ကိုသိမြင်စွမ်းတဲ့ဥာဏ်ရှိတဲ့အပြင်
သိမြင်တဲ့ အမှန်တရားကို ဖော်ထုတ်ရဲတဲ့
သတ္တိနဲ့ပြည့်စုံတဲ့ ယောက်ျားကောင်းတွေပါကွယ်..။
(၄)
ကိုယ်ဟာ ပုန်ကန်သူပါကွယ်....။ ။
Friday, September 21, 2012
ညရဲ့ရနံ့
ဒီညမှာကြွေကျကြယ်မရှိဖူး....
တောင်းစရာဆုလဲမရှိဖူး....
ကျောက်ဖုရားမြစ်ဆီရောင်ပြန်လက်ေ နတဲ့
ရီဝေေ၀..အငေးပဲရှိခဲ့...
ငါ့မျက်နှာဆီပြေးဝင်တိုးဝှေ့လာတဲ့
ဆားငံနံ့သင်းသင်း...ရေရဲ့ရနံ့ရယ်..
ဝတ်လစ်စလစ်...သောက်လက်စ
တောင်းစရာဆုလဲမရှိဖူး....
ကျောက်ဖုရားမြစ်ဆီရောင်ပြန်လက်ေ
ရီဝေေ၀..အငေးပဲရှိခဲ့...
ငါ့မျက်နှာဆီပြေးဝင်တိုးဝှေ့လာတ
ဆားငံနံ့သင်းသင်း...ရေရဲ့ရနံ့ရယ
ဝတ်လစ်စလစ်...သောက်လက်စ
Heineken ဗူးဟောင်းရယ်က....
ငါ့ကို..အဖော်ပြုလို့....
တဝေါဝေါမြည်နေတဲ့...
ကွန်ကရစ် ၈လမ်းသွားမြစ်ရဲ့အညံ..
အဝေးကနေ..တချက်တချက်..
ခပ်သဲ့သဲ့ကြားရတဲ့..FMရေဒီယိုအသံ...
အင်း....
သူတို့ဟာ..ဒီညအတွက်..
ငါ့ရဲ့ ဘရော့ဒ်ဝေး..သြကက်စထြာ...။ ။
ဒဲရစ်
၂၉၊သြဂုတ်၊၂၀၁၂
ငါ့ကို..အဖော်ပြုလို့....
တဝေါဝေါမြည်နေတဲ့...
ကွန်ကရစ် ၈လမ်းသွားမြစ်ရဲ့အညံ..
အဝေးကနေ..တချက်တချက်..
ခပ်သဲ့သဲ့ကြားရတဲ့..FMရေဒီယိုအသ
အင်း....
သူတို့ဟာ..ဒီညအတွက်..
ငါ့ရဲ့ ဘရော့ဒ်ဝေး..သြကက်စထြာ...။ ။
ဒဲရစ်
၂၉၊သြဂုတ်၊၂၀၁၂
Sunday, August 26, 2012
နာမဝိသေသန
စစ်တုရင်ပွဲတခုမှာ..
မြင်းရုပ်၊ကာဆယ်ရုပ်တို့ရဲ့ရှေ့ကနေ
ဘုရင်မကိုကာကွယ်ပေးတတ်တဲ့
ပွန်းရုပ်လေးဟာ..ငါပါ..။
မိုးတိမ်တို့အရွေ့မှာ
ဟိုတစ..ဒီတစ ကြွေကျတတ်တဲ့
သစ်ရွက်ကြွေအဝါနွမ်းထဲက
နောက်ဆုံးသစ်ရွက်ဟာ...ငါပါ..။
စိတ်ထဲရှိတဲ့..ခံစားမှုတွေကို
အပေါက်လမ်းတဲ့အောင်..
မဖော်ပြတတ်တဲ့
ဂျစ်ကန်ကန်..
မှုန်တေတေကောင်ဟာ..ငါပါ..။
ဂစ်တာဖလက်တံပေါ်က
Major လဲမဟုတ် Minor လဲမဟုတ်
တီးလိုက်ရင်အသံဆန်းနဲ့ခပ်ရမ်းရမ်း
Keyတွေဟာ...ငါပါ..။
အနက်ရောင်ကို
တရှိုက်မက်မက်နှစ်သက်ပြီး
ညညတွေဆို..
တယောက်ထဲကြယ်ငေးနေတတ်တဲ့
ဒရက်ကူလာ..ကောင်ဟာ..ငါပါ...။
ဟုတ်ပါတယ်..
ဒီနာမဝိသေသနတွေဟာ..
ငါပါ...။ ။
Friday, June 8, 2012
NANG TAWH
Nang hang in ..
Ka nuntakna in .. khiatna hong nei sak tuam ..
Ka zaal mang te ah .. lungnopna om tuam ..
Ka gelna te ah .. lametna dim tuam ..
Ka ngaihsutna te .. tangtung sak tuam e ..
...
Nang tawh tul lo a, sam gi bang khen ding ..
Lailung ah ka gel ciang, lainatna lian lua e ..
Tungsianmang in hong siam hen la ..
Vanlai ah phualva bang in ..
I lengkhop ding kaal ..
Hai bang ngak lah lua ing e ..

..
M Gam LingPaak(M HninC Yine-အဲမ်နှင်းဆီရိုင်း... )
..
..
(This poem is Poet by My Elder Sis..in Tedim Dialect..she said her first Poem in our Dialect,but I Don't think so,b'coz This poem is really nice
!!..that's why I post in my Blog,by her Permission..)
Monday, May 28, 2012
အလွမ်းရာသီ
နေသာသလိုနေပေမယ့်
တကယ်တော့ငါရူးနေခဲ့တာပါ
တတိတိနဲ့ကုန်သွားတဲ့စီးကရက်ရဲ့
မီးခိုးမှိုင်းမှိုင်းတွေနောက်
တကောက်ကောက်..အရူးအမူးလိုက်ပါရင်း
ပီကေတွေတဖောက်ဖောက်ဝါး..
စကားတွေချစ်စရာကောင်းအောင်
ပြောတတ်တဲ့မင်းကို
ငါတိတ်တဆိတ်ပဲ..လွမ်းနေခဲ့တာ
ဒီအချိန်ထိဆို..တထောင့်တညတောင်ရှိခဲ့ပေါ့
အပြာရောင်အလွမ်းတွေက
ဗိုင်းရပ်စ်တွေလိုတဇစ်ဇစ်ခုန်ပေါက်လို့
အပေါင်းတစ်ခုကို...
ကြက်ခြေခတ်လို့မြင်ခဲ့ရအောင်
နှစ်ယောက်လုံး..မာနတွေနဲ့မှားခဲ့သလား
တကယ်တော့..မင်းမျက်လုံးမှာ
ဘာတွေရှိတယ်ဆိုတာ..ငါသိနေရက်နဲ့
မမြင်ချင်ယောင်ဆောင်ခဲ့တာ..ငါ့အမှား
ငါ..ဘာတွေဖော်ပြနေတာ..သိသိရက်နဲ့
ဥပက္ခာပြုဖို့ကြိုးစားခဲ့တာလဲ
မင်းအမှားပေါ့ကွယ်
စိတ်ရူးပေါက်နေတဲ့..အတွေးတွေနဲ့
ငါ့ကိုယ်ငါသော့ခတ်သိမ်းဆည်းပေမယ့်
သိပ်မညီညာလှတဲ့
အလင်္ကာတပိုင်းကို..ရွတ်နေမိခဲ့တာ
ဦးပုညသာမြင်နိုင်မယ်ဆိုရင်
ငိုချင်းတပုဒ်လောက်တော့
ဖြစ်လာမယ်..ကောင်မလေးရေ..
အလင်းတွေဆာငတ်တဲ့ရင်အုံနဲ့
အ၀ါရောင်အနမ်းဖျော့တွေအတွက်
စတုတ္ထမြောက်ကောင်းကင်ကိုတောင်ရောက်ခဲ့ပေမယ့်
ငါ့..သတိတွေ..ချည်တိုင်မှာညှိနေခဲ့လို့
တိမ်တွေတောင်မှောင်ကျသွားပေါ့
တဖက်ပိတ်တံခါးတွေကိုတွန်းဖွင့်ဖို့ကြိုးစားနေမိခဲ့ရင်း
ကြိုမသိနိုင်တဲ့နောက်ကြည့်မှန်တစ်ချပ်လို
သိမ်းထားပါမင်းမပြောခဲ့ပေမယ့်
အလိုအလျောက်ဒီမှတ်ဥာဏ်ကသိမ်းထားခဲ့တော့
တကယ်..ငါ့ကိုယ်ငါတောင်မုန်းမိတယ်
ဟုတ်ပါတယ်လေ
တခါသာမှားခဲ့ကြပေမယ့်
နပိုလီယန်လိုတော့..
ငါ..မညဉ်းတော့ပါဘူးကွယ်
ဆာယိုနာရာ...
ဒီနေရိုင်းသစ်
Subscribe to:
Posts (Atom)