Showing posts with label Novel. Show all posts
Showing posts with label Novel. Show all posts

Sunday, December 16, 2012

လွယ်လွယ်ဆုံးဖြတ်သူများ



ရထားတစီးရဲ့ပြတင်းပေါက်ကနေ အသက်၂၄နှစ်အရွယ်
လူငယ်လေးတယောက်ဟာ အပြင်ဘက်ကိုလှမ်းကြည့်ရင်း
တွေ့သမျှမြင်သမျှကို ဖခင်အား လှမ်းလှမ်းပြီးအော်ပြောပါတယ်။

"ဖေဖေ..ကြည့်စမ်းတိမ်တွေ သားတို့နောက်ကိုပြေးလိုက်နေ

ကြတယ်.." "ဟား..ဖေ့..ဟိုမှာသစ်ပင်တွေ..သစ်ပင်တွေ.."
ဖခင်ဖြစ်သူက သူ့သားရဲ့ခလေးဆန်မှုကို ပီတိနဲ့ပြုံးပြုံးကြီး
ကျေနပ်နေပါတယ်..။


"အဆင်ပြေပါစေကွယ်..."


တခါတုန်းကစုံတွဲတစ်တွဲရှိတယ်...။ကောင်လေးကဆင်းရဲနွမ်းပါးတယ်
ကောင်မလေးကိုတော့သိပ်ချစ်ပါတယ်။ဒီလိုနဲ့တနေ့ကျတော့ကောင်လေး
ကိုကောင်မလေးကပြောတယ်။

"ကျွန်မလူတယောက်နဲ့စေ့စပ်တော့မယ်။သူက လူကြီးလူကောင်းတယောက်ပဲ။
တော်တော်လေးဝင်ငွေကောင်းတယ်။တလကိုဒေါ်လာ၄၅၀၀၀လောက်ဝင်ငွေရှိတယ်..။
ကျွန်မ ဘ၀ရှေ့ရေးအတွက် ..ရှင့်ထက် ကျွန်မကိုလုံခြုံမှုပေးနိုင်မယ့်သူ 
ကျွန်မရွေးချယ်လိုက်ပါတယ်..ရှင်လဲ သလောတူကျေနပ်မယ်လို့ထင်ပါတယ်.." လို့ပြောတော့..

ကောင်လေးက ဘာမှပြန်မပြောနိုင်ပါဘူး..။မျက်ရည်ဝဲပြီး ကောင်းပါပြီ လို့ တခွန်း
ပဲပြန်ပြောနိုင်ခဲ့တယ်..။ဒီလိုနဲ့ တခုသောဆောင်းရာသီမှာသူတို့နှစ်ယောက်ကျောခိုင်းခဲ့ကြတယ်..။

နှစ်တွေအချိန်တွေဟာ သိပ်ကုန်လွန်လွယ်တယ်။ဆယ်နှစ်ကျော်ကြာတဲ့အချိန် တနေ့ကျတော့
ကောင်လေးနဲ့ကောင်မလေးတို့ တခုသောကုန်တိုက်မှာပြန်ဆုံကြတယ်..
ကောင်မလေးက...နွမ်းနွမ်းပါးပါးဝတ်ဆင်ထားတဲ့ ကောင်လေးကိုတွေ့တော့...

"မတွေ့တာတောင်ကြာပြီနော်..။ရှင်ကတော့ အယင်လိုပဲမပြောင်းလဲပါလား။
အ၀တ်အစား၊နေပုံထိုင်ပုံအယင်အတိုင်းပဲ...။ဒါနဲ့ စကားမစပ်အမျိုးသားက ခုဆို
"xxxxxx"Corporationမှာမန်နေဂျာတောင်ဖြစ်နေပြီ။
ဝင်ငွေလဲ တလ ၆၀၀၀၀ လောက်ဖြစ်နေပြီ.." လို့ပြောတော့..ကောင်လေးက..

"ဟုတ်ပါတယ်..ငါအရင်လိုပါပဲ ပြောင်းလဲမှုသိပ်မရှိပါဘူး.." လို့ အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်..။
အဲဒီတော့ ကောင်မလေးက...

"အေးလေ..ဒါဆိုလဲ..ဒါပဲနော်..င့ါအမျိုးသား..တွေ့ရင်တမျိုးထင်လိမ့်မယ်။
ငွေလိုရင် ပြောပေါ့.." လို့ပြောတော့..ကောင်လေးက..

"မလိုပါဘူး..ခုငါလဲအလုပ်တခုလုပ်နေပါတယ်..။ဒါ..ငါအခုလုပ်နေတဲ့ Company လိပ်စာပါ..
နင်လဲ အဆင်ပြေပါစေ.."လို့ပြောပြီး ခပ်အေးအေးကျောခိုင်းထွက်သွားပါတယ်..။
ကောင်မလေးကကောင်လေးနောက်ကျောကို လှမ်းကြည့်နေရာကနေ လိပ်စာကဒ်လေး
ကို ကြည့်မိတော့ သူ့မျက်စိသူမယုံနိုင်ဖြစ်ရပါတယ်..။လိပ်စာကဒ်မှာက

"Mr ..............
President
xxxxxx Corporation" လို့ရေးထားတယ်လေ။

Thursday, November 1, 2012

ဟောလိုဝင်းအိမ်မက်



ည..

ယနေ့ည..အိပ်ချိန်မဟုတ်ပဲ..စောစောအိပ်မိသည်..။အိပ်ချိန်မဟုတ်သော်လည်း မြန်မြန်ဆန်ဆန်ပင်
သူ..နှိုးတ၀က်၊မနှိုးတ၀က်အခြေအနေသို့လွင့်မြောသွားသည်..။ထိုစဉ်သူ့နားထဲကြားနေကျအသံမဟုတ်သည့်
အသံသူကြားရသည်။စောင်းသံ...ဟင့်အင်းမဟုတ်ဘူး..ဒုံမင်းသံလိုပါပဲ..။အို...နေပါစေ..မျက်ခွံတွေဖွင့်မရဘူး။
ထူးထူးခြားခြား အိပ်မွေ့ချခံရသူကဲ့သို့ သူအိပ်ချင်နေသည်..။

နားထဲမှ အသံပျောက်သွားသည်..။နှစ်သိမ့်စွာ သူတဖက်သို့စောင်းအိပ်လိုက်သည်..။ထိုစဉ်...
ခြေသံတခုကြားရသည်..။နောက်.....သူ့အခန်းရှေ့မှာရပ်သည်..။အိပ်ချင်မူးတူးဖြင့်သူ..အလိုအလျောက်..
နားစွင့်မိသည်..။
ဒေါက်..ဒေါက်..ဒေါက်..
တံခါးကို တစုံတယောက် ခပ်လေးလေးလာခေါက်သည်..။သူစိတ်တချက်တိုသွားသည်..။ရင်ပတ်ပေါ်က
စောင်ပါးကိုဖယ်ချကာ အိပ်စုံမှုန်မွား စိတ်တိုစွာ တံခါးသွားဖွင့်ပေးလိုက်သည်..။

Thursday, October 18, 2012

တယောနဲ့ချော့သိပ်ပါရစေ..မေ

မာလွန်ဘရန်ဒိုနဲ့ အယ်လ်ပါချီနိုတွဲပြီး သိပ်ကောင်းတဲ့ ကားတကားကို
ဖန်တီးဖူးခဲ့ကြတယ်..။ ဇတ်လမ်းကောင်းသလို Theme Tune လဲသိပ်
ကောင်းပါတယ်..။တယောသံညက်ညက်နဲ့ သံစဉ်ကောင်းကောင်းကို
တီးထားတာ..ညလူခြေတိတ်ချိန်တီးလုံးသတ်သတ်နားထောင်ရရင်
လူကလွင့်မျော......။



ဂီတသံမှာ နှစ်သက်တာ သုံးမျိုးရှိတယ်..။
Grand Piano..Violin..Hollow Guitar..ပါ..။ဂစ်တာသံဆာလောင်ရင်တော့
ကိုယ့်ဖာသာကိုယ် တီးရပါတယ်..။တယောနဲ့ ပီယာနိုကတော့..လိုက်ရှာယူ
ရပါတယ်..။တီးတာချင်းတူရင်တောင် Mood မှာကွာတော့ တချို့တွေက
အတီးကောင်းပေမယ့် နားထောင်ရတာ ပေါ့ရွှတ်ရွှတ်နိုင်တတ်တယ်..။

ကျေ နာ် ဆံ ပ င်ေ တွ ရှ ည် တု န်း က


(၁)
ကျေ နာ် ဆံ ပ င်ေ တွ ရှ ည် တု န်း က . . . . . .
ကျေ နာ် အ ရ ပ် မ ရှ ည် ပါ ။ က် ေ နာ့္ အ က်ႌ ေ ကာ္ လံ က ေ တာ့  ရှ ည် ပါ သ ည် ။ ကျေ နာ် ကြို က် ေ သာ ေ ကာ င္ မ ေ လ း က လ ည်း ရှ ည် ပါ သ ည် ။ ( သူ မ အ ရ ပ် အေ မာ င်း ကို မှီ ရ န် သို့ မ ဟု တ် မီ သ ည် ဟု အ ထ င်ေ ရာ က်ေ စ ရ န် ကျေ နာ် သ ည် ခွာေ လး လ က် မ ခ န့် မြ င့်ေ သာ ဟို က် ဟီး ရှူး ဖိ န ပ် ကို သူ မ နှ င့် ဆုံ ရ န် ရှိ တို င်း ဂ ရု ပြု ကာ စီးေ လ့ ရှိ ပါ သ ည် ။ )  ကျေ နာ့် ရ ည်း စား စာ က လ ည်း ရှ ည် ပါ သ ည် ။ သို့ေ သာ်  ကျေ နာ် ၏ တ စ် ဖ က် သ တ် အ ချ စ် ဇာ တ် လ မ်း ကေ တာ့  မ ရှ ည် ပါ ။ေ ကာ င် မေ လး သ ည် သူ မ ၏ ချ စ် သူ ( ကျေ နာ့် ထ က်ေ ရာ သူ မ ထ က် ပါ အ ရ ပ် ပို ရှ ည်ေ သာ င နဲ ) နှ င့် လ က် ဆ က် သွား ပါ သ ည် ။ သူ တို့ ၏ အိ မ်ေ ထာ င်ေ ရး သ က် ရှ ည် မ ရှ ည်  ကျေ နာ် မ သိ ပါ ။  ကျေ နာ့် အ လွ မ်းေ တွ  ရှ ည်ေ န ခဲ့ သ ည် မှာေ နာ က် ထ ပ်  ချ စ် စ ရာေ ကာ င်း ေ သာ ေ ကာ င္ မ ေ လ း တ စ္ ေ ယာ က် နှ င့် ကျေ နာ်ေ တွ့ ဆုံ ခွ င့် ရ သ ည့်  အ ချိ န် ထိ ဖြ စ်ေ လ သ ည် ။

Tuesday, October 16, 2012

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ…


ဒီနေ့စာတွေလိုက်ဖတ်ရင်း EastWind Burma ဆိုတဲ့ ၀က်ဘ်ပေ့ခ်ျက ပို့စ်တခုအလွန်နှစ်ခြိုက်မိလို့ ကျွန်တော့်ဘလော့ဂ်မှာပြန်လည်ဖော်ပြလိုက်ပါတယ်..။ဒီဇတ်လမ်းထဲက ဒေါ်မွန်မွန်ရင်ဆိုတာ
 ဂဠုန်ဦးစောရဲ့မြေး ဖြစ်ပါတယ်..။

"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။   ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"
(ဒေါ်အောင်ဆန်းစုကြည်)
 ------------------------------------------------------------------------------------
လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

Wednesday, October 3, 2012

စကားလုံးများထက်ပိုကာ..

ဒီသီချင်းက လူတော်တော်များများ..
နားထောင်ဖူးလိမ့်မယ်..
(Westlife တွေကောင်းမှုနဲ့..)
အမှန်တော့.. အော်ရီဂျင်နယ်က Extreme Band ဖြစ်တယ်..။



မက်ဆာချုးဆက်က .. Rock Band ဖြစ်ပြီး 1985လောက်မှာ
စတင်ကျော်ကြားလာတယ်.။
ဒီသီချင်းက 1991/92 မှာ ရွှေ နဲ့ ပလက်တီနမ် Album စာရင်းဝင်
Pomograffitti ထဲက More Than Words(သူလဲ BillBoard မှာ ၁ ပဲ)ဖြစ်တယ်..။

ကောင်းကင်ကလူ

ဒီသီချင်းကို ထွဏ်းထွဏ်း က ကောင်းကင်ကလူ
ဆိုတဲ့အမည်နဲ့ဆိုဖူးပါတယ်..။



မူရင်း ရေးသားသူနဲ့ သီဆိုသူဟာ.. Eric Clapton ဖြစ်တယ်။
ဒီလူဟာ ဂီတနယ်ပယ်အသီးသီးက သတ်မှတ်ထားတဲ့
သမိုင်းတလျှောက်အကောင်းဆုံးဂစ်တာသမားများ
စာရင်းမှာ ထိပ်ဆုံး ၅ယောက်စာရင်းထဲ ၀င်သူဖြစ်တယ်..။

အရသာရှိလှတဲ့ Sukiyaki

ဒီသီချင်းလေးကြားဖူးကြမှာပါ...။
ကော်ပီအနေနဲ့ကြားဖူးနေတော့ သာမန်သီချင်းကောင်းလေး
သံစဉ်ကောင်းလို့ ပြန်ဆိုကြတာနေမှာပေါ့လို့ တွေးခဲ့မိပါတယ်။

ဒီသီချင်းကို ဂျပန်လူမျိုး တေးရေးဆရာ ရိုကိုဆူကီအိ ရေးထား
ပြီး အဆိုတော် ကူဆာကာမိုတို ဆိုထားတာပါ။
ဒီသီချင်းရေးဖို့ ဖြစ်ပေါ်လာတဲ့တွန်းအားက
"Treaty of Mutual Cooperation and Security between
the United States and Japan" လို့ခေါ်တဲ့ ၁၉၆၀မှာချုပ်ဆိုခဲ့တဲ့
ဂျပန်နဲ့ အမေရိကန်ကြားက သဘောတူညီမှုစာချုပ် ကြောင့်ပါ။
ဒီစာချုပ်ဟာ စစ်ရှုံးဂျပန်နိုင်ငံကို စစ်ရေးကန့်သတ်တဲ့အပြင်
အမေရိကန်တပ် ဂျပန်မှာ လာရောက်တပ်စွဲဖို့ သဘောတူညီ
ရတဲ့စာချုပ်ပါ။ တေးရေးဆရာဟာ မအောင်မြင်ခဲ့တဲ့
ဆန္ဒပြပွဲတွေနောက်မှာ ဒီသီချင်းကိုရေးခဲ့ပါတယ်..။



သီချင်းရဲ့ထဲမှာ ပန်းတိုင်ရောက်ဖို့လျှောက်နေတဲ့
အချိန်၊ခေါင်းမတ်မတ်တည်ထားတဲ့အချိန်မှာ .. နာကျင်ပေမယ့် မျက်ရည်တော့မကျဘူး ဆိုပြီးစပ်ဆိုထားပါတယ်..။

Punk-Rock ဘုရင်မ

ဒီသီချင်းကို ကြားကြားချင်းကြိုက်ခဲ့ရတယ်..
၂ရက်လောက်မပိတ်ပဲ ဆက်တိုက်ဖွင့်ဖူးတယ်...။
ဘယ်မိန်းကလေးPunk-Rock အဆိုတော်မှ
သူမထက် ကောင်းတာခုချိန်ထိမတွေ့သေးဘူး...။




Let Go... (4 June 2002)
Under My Skin.. (25 May 2004)
The Best Damn Thing.. (17 April 2007)
Goodbye Lullaby (8 March 2011)
ဒီAlbum ၄ခုဟာခုချိန်ထိဖမ်းစားနိုင်ဆဲ..။


Thursday, September 27, 2012

ရင်တွင်းမေရဲ့ ပိုင်ရှင်

စတီရီရိုခေတ်တုန်းက မြန်မာအဆိုတော်တွေ တော်တော်များများ
ရဲ့သီချင်းတွေ အဖေ ဂစ်တာတီးရင်းဆိုတာနားထောင်ဖူးတော့
ကြိုက်တဲ့သီချင်းတွေ၊အဆိုတော်တွေ တော်တော်များရှိတယ်..။

စိုးပိုင်၊ခင်မောင်တိုး၊မင်းမင်းလတ်၊ကိုင်ဇာ၊အက်စ်ကဲနက်၊စိုင်းထီးဆိုင်
လားရှိုးသိန်
းအောင်၊ဘိုဘိုဟန်၊ကံ့ကော်တောမျိုးအောင်..အိုး..များမှများ။
အဲ့ထဲက ထူးခြားတဲ့ အဆိုတော်တယောက်တော့ လွှမ်းမိုးပါ..။




သူ့သီချင်းတွေ တော်တော်များများကြိုက်တယ်..။ဘယ်လိုပြောမလဲ..

သူ့ဖီးလ်က ခုခေတ်နဲ့လဲ ကိုက်ညီနေတုန်းပဲလို့ထင်တယ်..။လတ်ဆတ်

နေတုန်းပဲ...



Friday, June 1, 2012

မေ့လျော့ခဲ့သော..


ကျွန်တော့်အမေ..နေမကောင်းဖြစ်နေပါတယ်။ကျွန်တော်ကတော့သူ့ဘေးမှာ..ကွန်ပြူတာတလုံးနဲ့
အလုပ်ရှုပ်နေခဲ့ပါတယ်။အမေဟာ..တခါတရံ..မှိန်းနေတတ်သလို..တခါတရံကျတော့နိုးနေတတ်တာများပါတယ်။

သူနိုးလာရင်လမ်းအနည်းငယ်လျှောက်တတ်တာကလွဲလို့များသောအားဖြင့်အိပ်ယာထဲမှာတိတ်တိတ်ဆိတ်လေး
မျက်လုံးလေးဖွင့်ကာလှဲနေတတ်ပါတယ်။တခါတလေကျတော့လဲ...“အိမ်မက်မကောင်းဘူး၊နေရထိုင်ရတာမအီမသာ
နဲ့..အင်း...ငယ်တုန်းကအကြောင်းတွေသတိရတယ်”စသဖြင့်ညည်းတတ်ပါတယ်။အဲဒီခါမှာ..ကျွန်တော်က..
“ဘာတွေရှောက်တွေးနေတာလဲ..နေကောင်းဖို့စဉ်းစားမယ်တော့မဟုတ်ဘူး”ဟောက်မိတတ်ပါတယ်။
အဲလိုကျတော့လဲ..သူဘာမှပြန်မပြောရှာပါဘူး။သူညည်းတိုင်းလဲကျွန်တော်..ဟောက်တတ်ပါတယ်။
တနေ့..ကျွန်တော့်အနား..ကပ်လာပြီး...