Thursday, September 20, 2012

ဘလော့ဂ် နှင့် သူ၏သတို့သမီးများ




အစကတော့ ဒီလိုဘလော့ဂ်တခုရဲ့သိပ်ပြီးအခြေခံကျတဲ့ အကြောင်း မရေးတော့ဘူး ဆိုပြီးနေပါတယ်။
(များကဒါတွေ သိပြီးသား .. လို့ အပြောခံရမှာစိုးရိမ်မိလို့ပါ :D)..။ဒါပေမယ့်  မမိကူးဆိုတဲ့
အမတယောက်ကနေတောင်းဆိုလို့ ဒီနောက်ဆက်တွဲကိုရေးပါတယ်။ Beginner တွေအတွက်
ရည်ရွယ်တဲ့ ပို့စ်ဖြစ်ကြောင်းထပ်လောင်းပြောကြားပါရစေ..။လွယ်လင့်တကူရေးမိတာတွေ...ရှိခဲ့ရင်
ထောက်ပြအကြံပေးနိုင်ကြောင်းပါခင်ဗျား..။

ဒီမှတ်စုရဲ့ ပထမပိုင်းလို့ ပြောလို့ရတဲ့ မှတ်စုလေးဖတ်ချင်ရင်....အွန်လိုင်းသစ်ပင် ပျိုးရအောင် ကိုဖတ်ပါခင်ဗျား..။


---------------------------------------------------------------------------------------------------------

ဘလော့ဂ် နဲနဲပါးပါးထောင်တတ်လာတော့  ဖရီးဒိုမိန်းပေးတဲ့ တွေ့သမျှဝက်ဘ်ဆိုဒ် တွေမှာ ဘလော့ဂ်
လိုက်ထောင်တာဘလော့ဂါ တော်တော်များများ လုပ်ဖူးကြပါလိမ့်မယ်။ ဒီကောင်ကတော့ ဘာတွေ ကောင်းတယ်။
ဒီကောင်ကျတော့ပေးထားတဲ့ Template တွေမိုက်တယ်..သိပ်ပြင်စရာမလိုဘူး..၊ဒီကောင်ကျတော့
HTML Code တွေပေးမပြင်ဘူး..CSS ပဲရတယ်..အစရှိသဖြင့် သတင်းတွေ ဝေကြ မျှကြပေါ့။
ဘလော့ဂ်တွေ ပွစိထအောင် ထောင်ထားပေမဲ့ နောက်ဆုံးတော့ ကိုယ်တကယ် အတည်တကျ အသုံးများတဲ့
ဘလော့ဂ်ဟာ တစ်ခု၊ နှစ်ခုထက်မပိုတော့ပါဘူး။သိသွားတော့ ပျင်းသွားသူတွေရှိသလို၊မအားတော့တာတွေနဲ့
ဆက်မလုပ်တော့ပဲ ရပ်လိုက်သူတွေလဲရှိပါတယ်။

ဆက်လုပ်သူတွေ အများစု အသုံးများတဲ့ ဘလော့ဂ်ဆိုလို့ နှစ်ခုပဲ ရှိပါတယ်။Blogger နဲ့ WordPress ပါ။
Wordpress ကိုအရသာမတွေ့တဲ့အထဲမှာHTMLပေးမပြင်တာနဲ့ CSS ပြင်မယ်ဆိုရင် ပိုက်ဆံပေးရမယ်
ဆိုတာကိုစိတ်ညစ်တာပါ ပါတယ်။အမှန်တော့ Joomlaတို့ ၊WordPress တို့ က ဘလော့ဂ်ထောင်ဖူးပြီးသားလူတွေနဲ့
Professional ၀က်ဘ်ဆိုဒ်ထောင်မယ့်သူတွေအတွက် ပိုပြီးသင့်တော်ပါတယ်။လက်ရည်သွေးသင့်တဲ့နေရာပါ။
သာမန် အပျော်တမ်းဘလော့ဂါတွေအနေနဲ့တော့ Blogger ဟာပိုပြီးသင့်လျော်ပါတယ်။အရင်တုန်းကတော့
Ning.com ဆိုတဲ့ Blog လဲမမည်၊Social Network လဲသိပ်မဟုတ်တဲ့ Social Network Creator၀က်ဘ်ဆိုဒ်ကနေ
မြန်မာပြည် ဘလော့ဂါတွေကိုမွေးပေးဖူးပါတယ်။ကျွန်တော်အပါအ၀င်ပေါ့။ခုတော့နားသွားပါပြီ။
အလွမ်းပြေတော့ တခါတလေသွားလည်ပါတယ်။ဈေးလှန့်လို့ ပြန်ပြေးလာခဲ့တာပဲများပါတယ်။
သွားလည်ချင်ရင် ဒီမှာပါ

ကဲ Blogger ရဲ့ဖန်တီးမှုတွေ ပံ့ပိုးပေးမှုတွေကို ကြည့်လိုက်ရအောင်..။
ကျွန်တော်တို့တွေ Blogger ထဲ ၀င်ပြီး  Design ကိုနှိပ်လိုက်ရင် DashBoard ကိုရောက်ပါတယ်။
အောက်ကပုံကိုကြည့်ပါ။


 DashBoard မှာရှိတဲ့ LayOut ကိုနှိပ်လိုက်ရင် ကိုယ့်ဘလော့ဂ်ရဲ့ဘယ်နေရာမှာ ဘယ်လိုGadget မျိုး
ချိတ်မယ်ဆိုတဲ့ စီမံခန့်ခွဲရတဲ့နေရာရောက်ပါမယ်။အဲဒီထဲကနေမှ အများလိုလိုကသိချင်ကြတဲ့ Gadget ချိတ်တဲ့
Application တွေရဲ့ သဘောတရားကိုကြည့်ရအောင်နော်။ပထမဆုံး Add a Gadget ဆိုတဲ့ ဟာလေးကိုနှိပ်လိုက်
ပါ။Window Box တခုပွင့်လာမယ်။ အဲဒီမှာ Gadget တွေကို ပေးထားပါတယ်။ပေးထားတဲ့ဟာလေးတွေ
ဘယ်လိုအသုံးဝင်တယ်ဆိုတာ ရှင်းမှ ကိုယ်ဘယ်လိုသုံးမယ်ဆိုတာသိရမှာမို့ အဲဒီ Gadget တွေရဲ့အသုံးပြုပုံ၊
ဂုဏ်သတ္တိ တွေကိုအရင်ပြောရအောင်။



ခုနပြောတဲ့ "Add a Gadget" နှိပ်လို့ပွင့်လာတဲ့ Pop-up Window လေးထဲမှာ Basic,Feature,Most popular,
More Gadget နဲ့ Add Your Own ဆိုပြီး ကဏ္ဍ၅ခုတွေ့ရပါမယ်။အများကြီးသွားစရာမလိုပါဘူး။ Basic ကိုပဲ
အရင်ကိုင်ရအောင်။ဒီ Basic မှာ အခြေခံ Gadget ၂၇ခု ပေးထားပါတယ်။လိုချင်တဲ့ဟာကို အပေါင်း(+)ခလုတ်
နှိပ်လိုက်ယုံပါ။အဲဒီ ထဲကအရေးပါတဲ့ Gadget တွေဘယ်လိုအသုံးဝင်သလဲ ကြည့်ရအောင်။

+1 Button ဆိုတာ Facebook ရဲ့ Like=Google မှာ +1 လို့မှတ်နိုင်ပါတယ်။ Like Button ပေါ့။
Google+ Badge ဆိုတာက ကိုယ်အဲဒီ Gadgetတပ်ထားရင်လာလည်တဲ့ သူတွေကိုယ့်ကိုGoogle+ မှာဆက်သွယ်နိုင်ဖို့။
Follow by Email က မေးလ်လိပ်စာပေးခဲ့ရင် ပို့စ်အသစ်တင်တိုင်းကိုယ့်စီ ပို့စ်အသစ်ရောက်လာလိမ့်မယ်။
Popular Post ကကျတော့ ကိုယ့်ဘလော့ဂ်မှာ လူတွေဝင်အဖတ်ဆုံး ပို့စ်တွေကိုဖော်ပြပေးတဲ့ Gadget ပေါ့။
Blog Stat ကကျတော့ ကိုယ့်ဘလော့ဂ်ကို သူများတွေ ဘယ်နှစ်ခါဝင်ကြည့်ခဲ့ကြသလဲဆိုတာ ရေတွက်တဲ့ Gadget ..။
Pages ကကျတော့ Menu  လိုလင့်ခ်တွေ မချိတ်ပဲ ကိုယ်သီးသန့်ဖော်ပြချင်တဲ့အကြောင်းအရာမျိုးကိုဖော်ပြဖို့သုံးတယ်။
ဥပမာ ကိုယ်ရေးရာဇ၀င်...၊ဆက်သွယ်ရန် ...။

Follower ကကိုယ်ဘလော့ဂ်ကို ဘယ်သူတွေ၊ဘယ်နှစ်ယောက် Scribe လုပ်ထားလဲဆိုတာ ပြပေးတဲ့ Gadget။
HTML/JavaScript ကကျတော့ Code ပါတဲ့ အပြင်ကကိုယ်ရှာလာတဲ့  Gadget တွေကို တပ်ဆင်ပေးတဲ့အဓိက
အကျဆုံးနဲ့အသုံးအ၀င်ဆုံး Gadget Builder ပါပဲ။အပြင်က ရှာလာတဲ့Gadget Code တွေသူ့ဆီမှာအပ်ပြီးမှ
ကိုယ့် ဘလော့ဂ်မှာ Gadget အနေနဲ့အသက်ဝင်လာမှာဖြစ်တယ်။
Text,Picture,Slideshow,VideoBar ဒါတွေကတော့သီးသန့်ပြောစရာမလိုတော့ပါဘူးနော်။နာမည်မှာကိုက
အသုံးပြုပုံပါပြီးသားပဲ။
Poll ကကျတော့ မဲကောက်တဲ့ Gadget ပေါ့။လာဖတ်တဲ့သူတွေဆီကနေ သဘောထားမေးလို့ရတာပေါ့..။
ဥပမာ... ဒီဘလော့ဂ်ကို (၁)သလောကျလား(၂)သဘောမကျတကျလား(၃)သဘောမကျလားဘာညာသာရကာပေါ့။
ဒါမှမှုတ်လဲ သင်ဟာ ရိုဟင်ဂျာကိုတွေ့မယ်ဆိုရင်..
(၁) ငါ့နင့်ကိုသတ်ချင်တယ်ဆိုတဲ့ Alex သီချင်းဆိုပြမယ် (၂) ဘာမှမလုပ်ပဲ မသိချင်ယောင်ဆောင်မယ်..
(၃)ဟရေး အီစွတ်ဘိုင်ဆိုပြီး ၀က်သားဟင်းနဲ့ ထမင်းဖိတ်ကျွေးမယ် အစရှိတဲ့ ရာသီစာမေးခွန်းလေးတွေကို
ကိုယ်ပိုနာမည်ကြီးအောင် မေးလို့ရတာပေါ့..။
(အလကားစတာနော် ..တကယ်မလုပ်နဲ့၊ တော်ကြာ Racist ဆိုပြီး အဟက်ခ် ခံရမယ်.. :P )

Blog List,Link List,List ကလဲ သိပ်ခြားနားတဲ့ ဖန်ရှင်တွေမဟုတ်ပါဘူး။ကိုယ်ကြိုက်တဲ့ ဘလော့တွေ
ဝက်ဘ်ဆိုဒ်တွေ စုစည်းမှတ်ထားလို့ရတဲ့ Gadget ပေါ့..။
 ကိုယ့်ဘလော့မှာ ဘလော့ဂါတွေရဲ့ဘလော့ဂ်ကို လင့်ခ် ချိတ်ထားပြီး သူတို့တွေ တင်သမျှပို့စ်အသစ်တွေ
ပေါ်အောင်လုပ်ပေးတဲ့Gadget ကို ဒီ Blog List ဆိုတဲ့Gadget လေးကနေ လုပ်ဆောင်ပေးပါလိမ့်မယ်။
Feed ကတော့ ကိုယ်နှစ်သက်တဲ့ ၀က်ဘ်ဆိုဒ်၊သတင်းဌာနရဲ့ လင့်ခ်ကိုချိတ်ပြီး နောက်ဆုံးရသတင်း၊
နောက်ဆုံးတင်တဲ့ ပို့စ်တွေ ကိုယ့်ဘလော့ဂ်မှာ ဖော်ပြဖို့..ပါ။
Newsreel က Google News မှာဖော်ပြထားတဲ့ နောက်ဆုံးခေါင်းစည်းသတင်းတွေကိုကိုယ့်ဘလော့မှာ
ဖော်ပြဖို့။

Labels ကကျတော့ ကိုယ်ရေးလိုက်သမျှ ပို့စ်တွေရဲ့ကဏ္ဍခွဲတွေကိုဖော်ပြပေးတာပေါ့။ဥပမာ ..သင်ရေးလိုက်တဲ့
ပို့စ်တွေကို အားကစား၊နည်းပညာ၊ဂီတ..ဘာညာဆိုပြီး သက်ဆိုင်ရာ အလိုက်ခွဲပြီး ရေးထားတာ တွေကို
နည်းပညာဆိုတဲ့ Label မှာ ပို့စ်ဘယ်နှစ်ပုဒ်၊ဂီတဆိုတဲ့ Label မှာ ဘယ်နှစ်ပုဒ်၊ နည်းပညာဆိုတဲ့ Label မှာတော့
ဘယ်လောက်ဆိုပြီး ဖော်ပြပေးမယ့် Gadget ပေါ့။အင်း..ကျန်တဲ့ Black Label ကတော့ ရေခဲသေတ္တာထဲမှာထဲမှာ
နှစ်ပုလင်း..အဲလေ..ယောင်တွားဒယ်.. :D ..။

Blog achieve ကတော့ ကိုယ်ရေးခဲ့သမျှတွေ လအလိုက်နှစ်အလိုက်ရှာရလွယ်အောင် အစဉ်လိုက်
ဖော်ပြထားပေးတဲ့ Gadgetပါ။ နောက်..အရေးပါတဲ့ Gadget က Subscription Link ဆိုတဲ့ Gadget ပါ။
သူက ကိုယ့်ဘလော့ဂ်နဲ့ ကိုယ့်စာဖတ်တဲ့ မိတ်တွေတွေကြားပေါင်းကူးလုပ်ပေးတဲ့ Gadget ပေါ့..။
ဒါပါပဲ အရေးပါတဲ့ Gadget တွေ။ကျန်တဲ့ ကဏ္ဍ ၄ခု(Feature,Most popular, More Gadget နဲ့ Add Your Own)
ကတော့ သိပ်တောင်မသုံးပါဘူး။တပ်ချင်တာတွေများလေ..ဘလော့ဂ်က လေးလေ ဖြစ်သွားလို့ပါ။
Basic ပိုင်း ကလိလို့ဝရင်တော့သွားကလိပေါ့..။Gadgetကောင်းလေးတွေရှိပါတယ်။
Search/Explore နဲနဲတော့လုပ်ဖို့လိုပါမယ်။

ဘလော့ဂ်ဂါတွေ အသုံးများတဲ့ Gadget လေးတွေနဲ့သူတို့ရဲ့ မူရင်းဆိုဒ်များ

အသုံးများတဲ့ နောက်ထပ် Gadget တွေကိုပုံနဲ့ ဖော်ပြပေးပါ့မယ်။
ဥပမာပြောတာနော်...တခြား Gadget လှလှလေးတွေ ပေးထားတဲ့ website တွေလဲအများကြီးပါပဲ။
(ပုံကိုကြည့်ပြီး ကိုယ်ကြိုက်တဲ့ Gadget ဖြစ်နေတယ်ဆိုရင် ပုံပေါ်မှာ နှိပ်လိုက်ပါ။အဲဒီ Gadget ပုံရဲ့မူလ
ဆိုဒ်ရောက်သွားပါမယ်...။)

Calendar...ထည့်ချင်ရင်



      *****************************************
နာရီ .. လေးတွေတပ်ချင်ရင်တော့



      **************************************

123 Counter တဲ့..။


       ***********************************

Flag Counter လို့ခေါ်တဲ့ ဘယ်နိုင်ငံကနေ၊လူတွေ ဘယ်နှစ်ယောက်လောက် ကိုယ်ဆီ လာလည်ခဲ့ပြီးပြီလဲဆိုတာ
ပြပေးတဲ့ Gadget လေး


*******************************************

Revolver Map  ဆိုတဲ့ ကောင်လေးကကျတော့ ကိုယ့်ဘလော့ဂ်ကို ကမ္ဘာကြီးရဲ့ဘယ်နေရာကနေ
ဘယ်နှစ်ယောက်က လာဖတ်နေတယ်ဆိုတာပြပေးမယ့် Gadget လေးပေါ့..။အလှပေါ့..။
ဒီကောင်သုံးမယ်ဆိုရင်တော့ သင့်ရဲ့ Adobe Flash Player ဟာ Up-to-date
ဖြစ်နေဖို့လိုပါမယ်။စိတ်ပူစရာတော့မရှိပါဘူး..။Up-to-date မဖြစ်ရင်လဲ Adobeက သင့်ကို
အကြောင်းကြားစာ ပို့ပေးပါလိမ့်မယ်။



      *********************************************

CBox လို့ခေါ်တဲ့ စီဗုံး/ကွန်မန့်ဘောက်စ် အကြောင်းကိုတော့ အရင်ပို့စ် မှာ ဖော်ပြပြီးပြီ မို့လို့မပြောတော့ဘူးနော်။
ဒီလောက်ဆို ဘလော့ဂ်တခုရဲ့သတို့သမီးများ၏ မွေးရပ်ဌာနီ အညာမြေဆီကို တမ်းတမှန်းဆ
လို့ရကြပြီလို့ထင်ပါတယ်။သတို့သမီးတွေရဲ့ ပုံသာမက .. နေရပ်လိပ်စာ အပြည့်အစုံကိုပါ
လင့်ခ်ပါချိတ်ပေးထားတဲ့ အတွက် ဘော်ဒါတွေ ကျေနပ်နိုင်မယ် ထင်ပါတယ်။

No comments: