Thursday, September 27, 2012

"ပုန်ကန်သူ"




(၁)
ကိုယ်ဟာ ပုန်ကန်သူပါ....
ပုန်ကန်သူတွေကို သူပုန်လို့ခေါ်သတဲ့...။

(၂)
သမိုင်းအမှားနဲ့ ၀ါဒဖြန့်ဇတ်လမ်းတွေကြောင့်
ညီမလေးက သူပုန်ဆိုရင်ကြောက်သတဲ့လား..။

(၃)
ဆရာစံ၊အောင်ဆန်းမှသည် ဆလိုင်းတင်မောင်ဦး..
သောမတ်စ်ပိန်း၊ယက်ဗ်တူရှင်ကိုမှသည် မောင်ချောနွယ်..
ကော့ပါးနီးကပ်စ်၊ခရစ္စတိုဖာကိုလံဘပ်စ်မှသည် ချားလ်စ်ဒါဝင်..
ဂျော့ဝါရှင်တန်၊ ချေဂွေဗားရားမှသည် မင်းကိုနိုင်..
တော်လှန်တဲ့ ပုံသဏ္ဍာန်နဲ့ နယ်ပယ်ချင်းမတူပေမယ့်
သူတို့ဟာ သူပုန်တွေတွေပါကွယ်..။

အမှန်တော့ သူပုန်ဆိုတာ
အမှားမှန်ကိုသိမြင်စွမ်းတဲ့ဥာဏ်ရှိတဲ့အပြင်
သိမြင်တဲ့ အမှန်တရားကို ဖော်ထုတ်ရဲတဲ့
သတ္တိနဲ့ပြည့်စုံတဲ့ ယောက်ျားကောင်းတွေပါကွယ်..။

(၄)
ကိုယ်ဟာ ပုန်ကန်သူပါကွယ်....။   ။


No comments: