Thursday, September 27, 2012

ရင်တွင်းမေရဲ့ ပိုင်ရှင်

စတီရီရိုခေတ်တုန်းက မြန်မာအဆိုတော်တွေ တော်တော်များများ
ရဲ့သီချင်းတွေ အဖေ ဂစ်တာတီးရင်းဆိုတာနားထောင်ဖူးတော့
ကြိုက်တဲ့သီချင်းတွေ၊အဆိုတော်တွေ တော်တော်များရှိတယ်..။

စိုးပိုင်၊ခင်မောင်တိုး၊မင်းမင်းလတ်၊ကိုင်ဇာ၊အက်စ်ကဲနက်၊စိုင်းထီးဆိုင်
လားရှိုးသိန်
းအောင်၊ဘိုဘိုဟန်၊ကံ့ကော်တောမျိုးအောင်..အိုး..များမှများ။
အဲ့ထဲက ထူးခြားတဲ့ အဆိုတော်တယောက်တော့ လွှမ်းမိုးပါ..။




သူ့သီချင်းတွေ တော်တော်များများကြိုက်တယ်..။ဘယ်လိုပြောမလဲ..

သူ့ဖီးလ်က ခုခေတ်နဲ့လဲ ကိုက်ညီနေတုန်းပဲလို့ထင်တယ်..။လတ်ဆတ်

နေတုန်းပဲ...



သူနဲ့ အကယ်ဒမီဆုများပိုင်ရှင်မင်းသမီးကြီးရဲ့ အကြောင်းတွေ
ကြားဖူးနားဝရှိတော့ သူ..သီချင်းတွေကို ဘယ်လိုခံစားချက်နဲ့ရေးခဲ့၊ဆိုခဲ့တာ
ဖြစ်မယ်ဆိုတာ မှန်းတွေးပြီးနားထောင်တတ်လာတော့ သီချင်းတွေက
နားထောင်ရတာ Mood ပိုဝင်လာတယ်..။

သူ့ သီချင်းတွေထဲက နှစ်သက်မိတာတွေ..
-မနှင်းဆီ (မခင်နှင်းဆီ မဟုတ်)
-မိုးစက်တင်လေ
-ရွှေရုပ်ကလေးကောက်ရသူ
-ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ
-အခုတော့ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်ခဲ့ပြီ
-အမှတ်တရမြစမ်းကြည်
-ပဲပြုတ်သည်မထား
-ကံ့ကော်မြို့ တော်

(မြန်မာ MTV တွေက ကြည့်မိရင် မူလသီချင်းအရသာ
ပျက်ပျက်သွားလို့ အရုပ်မပါတဲ့ VDO ရွေးတင်လိုက်တယ်)

No comments: