Wednesday, October 3, 2012

စကားလုံးများထက်ပိုကာ..

ဒီသီချင်းက လူတော်တော်များများ..
နားထောင်ဖူးလိမ့်မယ်..
(Westlife တွေကောင်းမှုနဲ့..)
အမှန်တော့.. အော်ရီဂျင်နယ်က Extreme Band ဖြစ်တယ်..။



မက်ဆာချုးဆက်က .. Rock Band ဖြစ်ပြီး 1985လောက်မှာ
စတင်ကျော်ကြားလာတယ်.။
ဒီသီချင်းက 1991/92 မှာ ရွှေ နဲ့ ပလက်တီနမ် Album စာရင်းဝင်
Pomograffitti ထဲက More Than Words(သူလဲ BillBoard မှာ ၁ ပဲ)ဖြစ်တယ်..။



ကျွန်တော့်ဦးငယ်တွေ ဂစ်နဲ့ ခဏခဏဟဲခဲ့ကြတဲ့သီချင်း...
ကိုယ်သိပ်ကြိုက်ခဲ့ရတာ....2000ခု အကျော်မှာ Westlife
ကပြန်ဆိုတေးလုပ်လိုက်တော့...နားထဲတဲ့ကိုမတဲ့တာ...
ဟိုကောင်တွေကလဲ..စော်ကြိုက်၊ခပ်နွဲ့နွဲ့နဲ့..ဆိုထားတာ..
(Westlife fan တွေဆဲမလားသိဝူး :P )

ဘာမှဟုတ်ပါဖူး.. Westlife တွေက အော်ရီဂျင်နယ်မဟုတ်ကြောင်း
သိအောင်ပြောပြတာ..အဟက်..။

No comments: