Thursday, October 18, 2012

တယောနဲ့ချော့သိပ်ပါရစေ..မေ

မာလွန်ဘရန်ဒိုနဲ့ အယ်လ်ပါချီနိုတွဲပြီး သိပ်ကောင်းတဲ့ ကားတကားကို
ဖန်တီးဖူးခဲ့ကြတယ်..။ ဇတ်လမ်းကောင်းသလို Theme Tune လဲသိပ်
ကောင်းပါတယ်..။တယောသံညက်ညက်နဲ့ သံစဉ်ကောင်းကောင်းကို
တီးထားတာ..ညလူခြေတိတ်ချိန်တီးလုံးသတ်သတ်နားထောင်ရရင်
လူကလွင့်မျော......။



ဂီတသံမှာ နှစ်သက်တာ သုံးမျိုးရှိတယ်..။
Grand Piano..Violin..Hollow Guitar..ပါ..။ဂစ်တာသံဆာလောင်ရင်တော့
ကိုယ့်ဖာသာကိုယ် တီးရပါတယ်..။တယောနဲ့ ပီယာနိုကတော့..လိုက်ရှာယူ
ရပါတယ်..။တီးတာချင်းတူရင်တောင် Mood မှာကွာတော့ တချို့တွေက
အတီးကောင်းပေမယ့် နားထောင်ရတာ ပေါ့ရွှတ်ရွှတ်နိုင်တတ်တယ်..။


ဒီ God Father ရဲ့Themeသီချင်းကို တယောသံနဲ့နားထောင်ချင်လို့လိုက်ရှာ
တော့တီးထားတာအများကြီးတွေ့ရပါတယ်..။ကျွန်တော်နှစ်သက်တဲ့ တယော
သမား Andre Rieu တီးထားတာလဲတွေ့ပါတယ်..။ဒါပေမယ့် Mood မကြိုက်
လို့ ရှာရင်း..ရှာရင်း ဒီသံစဉ်..တီးထားတာသွားတွေ့တယ်..။

Mood ကောင်းကောင်းနဲ့မှိန်းပြီးတီးထားတာမို့ ဒီသံစဉ်ကိုရွေးချယ်ပြီး
ရှာယ်လိုက်ပါတယ်..။နောက်ပြီးလက်တင်စတိုင်လ် နဲ့ဂီတာကိုခပ်ပါးပါး
ဖွပြီး ပလပ်ကင်းလိုက်ထားတော့ ပိုမိုက်သွားတယ်..။
မြန်မာသံစဉ်အနေနဲ့လဲရှိပြီးသားပါ..။အဆိုတော်မလေး အားနာလို့ ;)
ဘာမှမဝေဖန်တော့ပါဘူးလေ...။ဘယ်သူဆိုထား
တယ်ဆိုတာသိချင်..နားထောင်လိုက်ပေါ့နော်..။

No comments: