Wednesday, October 3, 2012

အရသာရှိလှတဲ့ Sukiyaki

ဒီသီချင်းလေးကြားဖူးကြမှာပါ...။
ကော်ပီအနေနဲ့ကြားဖူးနေတော့ သာမန်သီချင်းကောင်းလေး
သံစဉ်ကောင်းလို့ ပြန်ဆိုကြတာနေမှာပေါ့လို့ တွေးခဲ့မိပါတယ်။

ဒီသီချင်းကို ဂျပန်လူမျိုး တေးရေးဆရာ ရိုကိုဆူကီအိ ရေးထား
ပြီး အဆိုတော် ကူဆာကာမိုတို ဆိုထားတာပါ။
ဒီသီချင်းရေးဖို့ ဖြစ်ပေါ်လာတဲ့တွန်းအားက
"Treaty of Mutual Cooperation and Security between
the United States and Japan" လို့ခေါ်တဲ့ ၁၉၆၀မှာချုပ်ဆိုခဲ့တဲ့
ဂျပန်နဲ့ အမေရိကန်ကြားက သဘောတူညီမှုစာချုပ် ကြောင့်ပါ။
ဒီစာချုပ်ဟာ စစ်ရှုံးဂျပန်နိုင်ငံကို စစ်ရေးကန့်သတ်တဲ့အပြင်
အမေရိကန်တပ် ဂျပန်မှာ လာရောက်တပ်စွဲဖို့ သဘောတူညီ
ရတဲ့စာချုပ်ပါ။ တေးရေးဆရာဟာ မအောင်မြင်ခဲ့တဲ့
ဆန္ဒပြပွဲတွေနောက်မှာ ဒီသီချင်းကိုရေးခဲ့ပါတယ်..။



သီချင်းရဲ့ထဲမှာ ပန်းတိုင်ရောက်ဖို့လျှောက်နေတဲ့
အချိန်၊ခေါင်းမတ်မတ်တည်ထားတဲ့အချိန်မှာ .. နာကျင်ပေမယ့် မျက်ရည်တော့မကျဘူး ဆိုပြီးစပ်ဆိုထားပါတယ်..။



ဒီသီချင်းအောင်မြင်လိုက်တာဟာ .. အမေရိကန်ရဲ့
Billboard 100မှာ နံပတ်(၁)တက်ချိတ်ပါတယ်။
ဂျပန်စကားနားမလည်တဲ့ အမေရိကန်တွေ တောင်
ကြိုက်သွားပါတယ်။သူ့နောက်မှာ ဂျပန်လိုဆိုထားတဲ့သီချင်း
Billboardထဲရောက်တာမရှိတော့ပါဘူး။ဒီသီချင်းကပထမဆုံး
နဲ့ နောက်ဆုံး ပါ..။(ဂျပန် Band၊အင်္ဂလိပ်လိုဆိုထားတွေထဲက
တော့ရှိပါတယ်..။)

ကိုယ်တွေကော်ပီရတဲ့ အမေရိကန်ဂီတ သမားတွေတောင်
ဒီဂျပန်သီချင်းကို ကော်ပီ(Cover)လုပ်ပြီးပြန်ဆိုကြပါတယ်။
My First Lonely Night" ဆိုပြီး Jewel Akens ဆိုထားတာ
ရှိသလို ဒီSukiyaki ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ A TAste of Honey
နဲ့ 4PM တို့က ပြန်ဆိုထားကြပါတယ်။

No comments: