Tuesday, November 20, 2012

ရာသီစာဒိုင်ဂျက်စ်

အိုဘားမားမြန်မာပြည်လာတဲ့ သတင်းအပေါ် ကိုးရီးယားက သတင်းစာ
တစောင်ကနေ အတွေးကွန့်ထားတဲ့ ကယ်ရီကေးချားတွေ့တော့ ဖွဘုတ်
ပေါ်က ရာသီစာဒိုင်ဂျက်စ်လေးတွေ ဆင့်ပွားတွေးမိတယ်..။



အရင်တုန်း..အန်ကယ်တိန့်နဲ့ ဘကြီးဝင်းတို့ လေးပေးဖြောင့်ပြီး ရွှေလမ်း
ငွေလမ်းတွေဖောက်တုန်းကဆို ပေါက်ဖော်ဆိုတာဘာညာသာရကာဆိုပြီး
ရာဇ၀င်နဲ့ချီပြီးတော့ကို..ချစ်ခဲ့ကြတာပေါ့..။




ခုများကျတော့ ကျွန်းသစ်လေး၊ကြေးနီလေး နဲနဲ..နဲနဲနဲ့ယူတာများ
လာတော့မုန်းလှပ
ါရဲ့ဆိုတဲ့ အန်ကယ်ဆမ့်ကိုမျက်စလေးပစ်ပြ
လိုက်ပြန်တယ်..။

(မုန်းဒယ်..ဖင်ဆီဒိုင်း..ဆိုပြီး ဘကြီးရွှေတို့တွေအော်ခဲ့တာမနေ့တနေ့ပဲ
ချိသေးဒါ.. ကြာသေးဝူးရယ်..ခုများကျတော့ အညိုးညိုး..ပဲ... :D
တိမ်တောင်သဖွယ်မင်းရေးကျယ်တာ..ကိုယ်တွေလိုက်မမှီဘူးပဲထားပါတော့)
နောက်..ဆယ်ခုနှစ်လောက်များကြာတော့မှ ဗိုလ်ကျလှချိဆိုပြီး
ပြန်ကန်ထုတ်မလားတော့မသိ..ခုတော့ ဟောင်းဒူးယူဒူးကို ပြောလိုက်တာ
များတံတွေးစဉ်မတတ်... :P

သတိထားရမှာက ဘယ်သူမှအကျိုးမရှိပဲညောင်ရေမလောင်းဘူးဆိုတာကိုပဲ။
သူရို့ကိုလဲအပြစ်တင်လို့ဘယ်ရမလဲ..သူရို့နိုင်ငံအတွက်လုပ်ရပေမပေါ့...။
ကိုယ်တွေကိုယ်က လိုသမျှညှစ်ယူလို့ရတဲ့ နို့စားနွားမဖြစ်နေသကိုး...။
နိုင်ငံကြီးတွေပေါ်လစီကြားမှာ မျက်နှာရိပ်ကြည့်ပြီး နေနေရတဲ့ နိုင်ငံ
ဖြစ်နေသကိုး...။ဘယ်မြှောက်တော့ညာကပ်..ညာမြှောက်တော့ဘယ်ကပ်တဲ့
ဆိတ်ဟိုဒင်းလိုနိုင်ငံဖြစ်နေသကိုး....ရင်နာပေမယ့်လဲ..ဒါအမှန်တွေပါပဲကွယ်။
ခပ်ရင့်ရင့်ပြောနိုင်ရအောင် သမိုင်းကမလှခဲ့တာ..၆၂နောက်ပိုင်း ကတဲက
မို့လား..

တခုရှိတာ သူ့နောက်ဖေးပေါက်လို့သတ်မှတ်ထားတဲ့နိုင်ငံ၊ကုလ Security
Council ကနေ၂၀၀၇ ၀န်းကျင်တုန်းက ဗျင်းမယ်ဆိုတော့ ရုရှနဲ့သူပဲ..ဗီတို
အာဏာသုံးပြီး..ကယ်ထားရတဲ့နိုင်ငံ၊သူများတွေဆန်ရှင်ဆိုပြီး အငတ်ထား
တုန်းက သူပဲကြည့်ရှုထားရတဲ့နိုင်ငံ (ကြည့်ရှုခတော့ သူကနဲနဲပါးပါး
ယူသာပလေ... :P )က သူ့ပြိုင်ဖက်ကြီးကို ၀ဲကမ်း၊ပွေးကမ်းလုပ်နေတော့
အူနုကျွဲခတ်ပြီးဘာ..ထလုပ်မလဲဆိုတာပဲစိုးရိမ်ရတယ်..
(အရှေ့မြောက်ဒေသဆိုတာကလဲ သူ့အပိုင်စားလို့ပြောလို့ရတာကလား..)

ကဲပိတ်သတ်ဂျီးခင်ည..လောလောဆယ်ရာသီစာကတော့ပီကင်းဘဲကင်လေး
ခဏအသာဘေးချိတ်ပြီး..ပက်ဆီကိုဟမ်ဘာဂျာလေးနဲ့ဝါးတီးဆွဲရမှာဖစ်ပါ
ဂျောင်း....ဘပြောင်မှအမှာချကား..ပြောကြားဘါဒီ... :P