Thursday, November 8, 2012

အွန်လိုင်းရေဒီယိုDJလုပ်မလား

ကိုယ်တိုင်DJ လုပ်ပြီး အွန်လိုင်းရေဒီယိုလုပ်ချင်တဲ့သူရှိမလား..ကျွန်တော်တော့ စမ်းရတာပဲ
သဘောကျတယ်..အတည်..လုပ်ဖို့တော့အချိန်မပေးနိုင်ဘူး..။
တကယ်စိတ်ဝင်စားတယ်ဆိုရင် ဆော့ဝဲလ်ဒေါင်းလုဒ်လင့်ခ်ပေးမယ်..။
ဒီမှာနှိပ်ဗျာ..

သိပ်မခက်ဘူး..။ကိုယ်လွှင့်ချင်တဲ့သီချင်းတွေကိုအရင်စုထား..

နောက်ပြီး caster.fm ကိုသွားပြီး register လုပ်..။မကြာခင်စာဝင်လာလိမ့်မယ်..။
စာထဲက လင့်ခ်ကိုနှိပ်ပြီးပြန်လိုက်သွားရင်တရားဝင် ကိုယ်ပိုင်ရေဒီယိုလွှင့်ဖို့ Server
တခုရလာမယ်..။ပြီးရင်ဒေါင်းထားတဲ့ Broadcasting Softwareထဲက Encoder
ဆိုတဲ့နေရာက select Pluginဆိုတဲ့အပိုင်းမှာ ကိုယ့် Server IP နဲ့ passwordကိုပေးလိုက်..
ကိုယ်လိုချင်တာလေးတွေရှိသေးရင်လဲနဲနဲထပ်ကလိပေါ့..။ပြီးရင် OK..။
နဲနဲရှုပ်လို့နားမလည်လိုက်ဖူးဆိုရင် ဘိုလိုမှုတ်ထားတဲ့Youtube VDO Fileကို တချက် Check လိုက်ပေါ့..။



ကဲခုချိန်ကစပြီးခင်ဗျားဟာ..Dj ဖြစ်သွားပြီ...။ ကိုယ့်ဘလော့ဂ်မှာ..တင်မလား
ဝက်ဆိုဒ်အပိုင်ရှိရင်..၀က်ဆိုဒ်မှာတင်မလာရသွားပြီ..။ပရိသတ်တွေတိုးလာပြီး
အဖြူရောင်သံစဉ်.com ထက်နာမည်ကျော်သွားရင်တော့ကျွန်တော့်ကိုမမေ့နဲ့ပေါ့..။
Black Label တလုံးဆိုရင်ရပါပြီ.. :P